Monday, August 17, 2009

တောင်ပူဇာ အလွမ်း

အိုမယ်ကြီးသျှင် မောင်ကြီးသျှင်ရို့
ဇာဇာတိကို ပျောက်လီကတ်တေ ရောက်လီကတ်တေ
အမိရိုးမ တောင်ပူဇာမှာ အနှစ်လလ
အလွမ်းအိုင်ဗျာယ် လိုင်ဖင်းရှည်ရေ --။

ငါ့မှာသားပျောက် သမီးပျောက်တေ
အဝေလူရို့ လမ်းမှာကြုံကေ တွိလီမိကေ
စကားလူကြုံ ချန်ပီးကတ်ပါ ပြောပီးကတ်ပါ
နီသာထိုင်ခြင်း မာကတ်ယင့်လား
အစားကောင်းကောင်း စားရယင့်လား
ငါကားရိုးမ မာပါယင့်လို့ --။

သမင်မွီးယင့် ကျားစားယင့်လေ
ငါကမွီးလိုက် ကြက်ပျောက်ငှက်ပျောက် ပျောက်လီကတ်တေ
အဇာသူရို့ မိပင်အောက်မှာ ပျော်လီကတ်တေ
ရိုးမအစိုင် ပြုန်းလားလိမ့်မယ် ငါကြောက်လီရေ --။

အိုသား သမီး
မမိတသက် တခေါက်စီလောက် အရောက်လာပါ
မြင်လီယင့်လား
ငါ့ရင်တခြမ်း အသက်အောင့်လို့ ပြိုပျက်နီဗျာယ်
မြောက်ဦးကိုလာ ကျောက်ပြားတချပ် အသက်ဆက်ဖို့ --။

ငါကားအိုမင်း ရုပ်ပျက်လတ်ပျာယ်
မြောက်ဦးကိုလာ ထုံးဖြူတစ်ခေါက် သုတ်လတ်ဖို့ --။

ငါကားမစွမ်း မမြင်ကန်းဗျာယ်
မြောက်ဦးကိုလာ မြက်ရိုင်းတပင် ယှင်းကတ်ဖို့ --။

ငါကားမစွမ်း အမှီလိုဗျာယ်
မြောက်ဦးကိုလာ ဆီမာန်းတအိပ် အကူပြုဖို့ --။

ငါကားမစွမ်း အိုမင်းလတ်ပျာယ်
အမွီလက်ကျန် ချန်ခချင်လို့
ရိုးရာဆက်ဖို့် ပြန်လတ်ကတ်ဝေ --။

No comments:

Post a Comment