Monday, August 17, 2009

အိုအမိသျှင်



သတင်းတိမ်ဖျား ဘုံးဆင့်မြင့်အောက် အမိစံရိပ် ဓညခေတ်နှင့်
ခေတ်လေးဆက်က ရွှေထီးဆောင်းချိန် လူမဖြစ်တေ ငါ ရခိုင်သူ ..
အမိအပါး ကဗျာရတု သာခြင်းတေးဖွဲ စာလောက်ဆောင်ကို
သီကုံးဖွဲ့လို ဆက်သရေသူ ငါမဖြစ်ခ…

တိမ်ညိုဖုံးလို့ လရောင်ကွယ်ပျောက် ရာဟုမျိုကေ အမိငိုသံ မြီု့ရှေ့မြို့နောက်
ရင်စည်ကိုတီး လည်စင်းခံချိန် ဓါးရင်းကိုကိုင် အမိရှေ့က မားမားမတ်မတ် ငါမရှိခ…
ဂုဏ်သိမ်ညိုးနွမ်း မျက်နှာမွဲမ အမိပါးမှာ အမှူးအကျွေး ခြီဆုပ်လက်နှယ်
ဦးခေါင်းကချွေး ခြီမကျအောင် ငါမဆောင်ခ…

သမိုင်းဆိုရေ ကျောက်ဖြစ်ရုပ်ကြွင်း စာမျက်နှာထက် ကျွန်မအဖြစ်
အမိဘ၀ ဆံဖြူဖားလား ရုပ်အိုကြွင်းက
မာန်ကုန်ယွင်းလို လှဲပြိုကျချိန် အမိအပါး ငါမရှိခ..

ဖေးကူအမှီ ကျောက်တိုင်းအဖြစ် အစိုင်းစစ်ကို
တည့်ကူမတ်သူ အမွီဆက်ဖို့ ငါရခိုင်ဟု တော်လှန်ရဲသူ ငါမဖြစ်ခ..


သမုဒ္ဒရာ ၀မ်းတစ်ထွာအောက် လက်ပစ်ကူလို့
ကျွန်စာ(ဟုခေါ်လေသော) တတ်ပြီး ငါဖြစ်လာရေ ဤရခိုင်သူ..
အမိရုပ်ကြွင်း အုတ်ဂူဟောင်းတောင် မရောက်ဖူးသူ…

အိမ်ပြိုအောက်က အနှင်းဖတ်ခံ သမီးမွဲမှာ ပညာယုတ်လတ်
နန်းသစ်မြန်းကို အမိအတွက် အိမ်မက်နန့်ပင် အစွမ်းပြလို မဆောက်နိုင်ခ..


ဒေသမီးချေ ဘုမေကြီးလေ အမိဝတ်ဖို့ ကြိုးကြီးချိတ်ကို ပြင်လိုထားမယ်
အမိစားဖို့ ဖွယ်ရာမျိုးစုံ ချက်လို့ထားမယ်..အမိအတွက် နန်းရင်ပြင်မှာ
ပန်းစုံပန်းလှ ပန်းဥယာဉ်ကို ကိုယ်တိုင်ထိုးလို့ထားပါမယ်…

အိုအမိသျှင် အချိန်နှောင်းမှာ လူဖြစ်လာရေ ဒေအမိုက်မ ရခိုင်သူက
ကျောက်ပုံကြားမှာ အမိကိုတ ၊ မြစ်ဖျားချေမှာ အမိကိုတ
အမိပြန်လာ လွမ်းစားဖွဲလို့ ငိုခြင်းစီးဗျလ် ငိုးခြင်းရီးကေ
အမိဝိညာဉ် နန်းရာဒေါင့်က လိပ်ပြာပြန်ကပ် ကုန်းရုန်းထဗျလ် အမိအသက်
သွီးကြောတိုင်းက ဗလောင်ဆူခတ် နလုံးခုန်ကေ အမိ ပြန်ထနိုင်ပါစီ…



စောစစ်(ဒေ၀ီ)
၂၉.၇.၂၀၀၉။

No comments:

Post a Comment