Monday, August 17, 2009

မိန်းမသဘော မိန်းမကျင့်ဝတ်

အေလူငမိုက် ဇာအားကိုးနဲ့ အမျိုးသမီးထုကိုမှ ဇော်ကားစွာလေးဂု ငါစိတ်နဲ့မာန်း နဂါးမီးမျက်စောင့်ထိုးပစ်လိုက်ကေ ပြာကျလားဖို့ဗျလ်ဒေ။ အေလူငမိုက် အတွေးတိမ်လို ဇောက်မနက်စွာ ငါရို့ကခွင့်မလွတ် အပြစ်ရာပေးလိုက်ကေ အမိကိုတ မယားမရလို့ ဒူးနဲ့မျက်ရည် သုတ်ရရေဆိုကေ ကြားလို့မှမကောင်း ကိုယ်အမျိုးရာ ပျောက်လီရဖို့ ။

စိတ်လျော့လိုက် စောစစ် ဂရုဏာတရား လက်ကိုင်းထားဗျလ် လောကကို ဖန်ဆင်း ငါ့ရို့မိန်းမတိက စံဂိုးလောက်မှ ဇောက်မနက်တေ ဖျားယောင်းသွေးဆောင်မှု ချေလောက်ကို ထည့်စဉ်းစားကတ်ရဖို့လား ငါရို့အစွမ်း လူပုံမှာမပြဘဲ မျက်လွာချဗျလ် ရာဇာမာန် မယွင်း ပြုံးနိုင်စွာက အောင်နိုင်ခြင်းရာမနား။

ဗလအားကိုး ဓါးကိုဆွဲ ငါနဲကိုင်းဆဲတတ်တေ လူတန်းစာကို မိန်းမသားထုက စစ်ထွက်တိုက်စရာမလို မျက်ရည်တစ်စက်လောက် အကုန်ခံလိုက်ကေ ဒေလူငမိုက် အသက်ရူမှားဗျလ် အလွဲလွဲအချော်ချော် ဖြစ်လားကတ်လိမ့်မယ်။

အသံကုန်လူဟစ် လူစွာကျယ်နား ကတ် လားစရာမလို့ ပြုံးပြလက်ယပ် အလာတော်ဆင့်လိုက်စမ်း ဒီငမိုက်သား မိန်းမသားထု ရှေ့မှောက် အခစား ရောက်လိမ့်မယ်။ ခိုင်းချင်စွာကို အပြုံးနဲခိုင်း စကားတောင်မသုံးလီကေ ။

လိုချင် စွာကို တောင်း၊ တပြားတောင် မထွက်လီကေ။ ပြောချင်စွာကိုပြော အသံကို မစွာစီကေ။ အလိုတော်ပြည့် ကေ မဲဇာတောင် အနောက်ဘက် ကျားဆွဲဆွဲ လင်းတဆွဲဆွဲ ဆွဲချင်ရာဆွဲ တွယ်တာခြင်းကို ရပ်ဗျလ် ဝေးပနားသတ်ပလိုက်ကတ်။

မာယာမျိုးကိုးသိန်း မကျည်းပင် ကိုးပင် လိမ်းစွာထက် ရှုပ်တေ ဒေလူရှုပ်ရို့ အကြိုက် တစ်ခွန်းလောက်ပြောလိုက်ကေ အိုငမိုက်သား မိန်းမမာယာ သဲကိုးဖြာကို မေ့ပင်အောက်ဝင်ပိုင် မေ့လီကတ်လီမယ်။ ကျမ်းပေါင်းတစ်သောင်း ဆရာပေါင်းတစ်သိန်း လက်ထပ်ပြီးသင်ကေလည့် အာဂြုံဆောင်ကျမ်းစကား မိန်းမကိုမြင် ချစ်ချင်ရေစိတ် သူရို့တိ အားနည်းချက်ကို မသိချင်ယောင်ဆောင် အကြင်နာစကား နှုတ်ခမ်းထက်မှာ ပွင့်ပီးလိုက်ကေ ဧကန်အမှန် နိုင်သူက မိန်းမ ရှေ့တော်မှောက် ဒူးထောက် အသည်းကို ဆက်သံအသုံးတော် တည်နိုင်ရေအတွက် ငါရို့မိန်းမသားထု သည်းခံတော်မှုလိုက်မယ်။

အိုမိန်းမထု စိတ်မဆိုးလီကေ အိုမိန်းမထု လူငမိုက်နဲ ဖက်ရန်မဖြစ် ရွှေလမ်းငွေလမ်းဆက် သဘောထားကြီးကာ ဒေငမိုက်ကို အသုံးချရဖို့ ။ မိန်းမတို့ အိန္ဒြရယ် အဆက်တည့်စီဖို့  လက်ထပ်ပါမယ်ဆိုလာရေ တစ်ရက် အခါကိုစောင့်လို့ အငြိုးကို မပြယ်လားစီကေ။ နားအပူမခံနိုင်ရေ မောင်မင်း နားစားကွဲအောင် ကျင့်လီဖို့ မမေ့လီကေ။ စားရာစားတတ် မချက်တတ်တေ လူမိုက် စားဝင်အောင်မချက်လီကေ။ လူလုံးပေါ်အောင် လူကြားထဲမှာ ၀င်ဆံလီအောင် လူမွဲပြောင်းအောင် မဆောင်ပီးလီကေ။ အိမ်သူမစကား ပြားပြာကျအောင် အချိုသွေးဖို့လည်း မမေ့လီကေ။ ယောင်္ကျားအမျိုး ကျွန်ဝယ်မှတ်လို အမြဲခိုင်းစီ ကိုယ်မျိုးကိုယ်ဆွေ ဆယ်ဖြာမိုးလို့ လိုသည်မရှိ သဘောဆောင်စီ ကျင့်ကြံပါလီ ဤသည်မိန်းမ သဘောတည်း ။

ထိုထိုအဖြာ သိပါသော်အံ မိန်းမသဘော သင်လူမိုက်အား ဖွင့်ချဝန်ခံ ရေးပြပါလည်း နားကမလည်း ဘုလည်းမသိ ဘလည်းမသိ အားဂြုံဟစ်လို မိန်းမမကောင်း သင်ရေးကောင်းသည် သနားမိ၏။

မိန်းမအထု သနားကြင်နာ မေတ္တာတော်ထား ထိုလူသားကို အပြစ်မယူ လီကေဝေ .ဤကားစောစစ်မှာတမ်းတည်း။


မှတ်ချက် ။ ။ချေပစားမျိုးရီးသားခြင်းရာဖြစ်ပါသည်။ သဘောာကောင်းသော မိန်းမထုတို၌ ရန်လိုခြင်း သဘောလုံးလုံးမရှိကြောင်း တွေသမျှ မိန်းမများ(မိမိ၏ ရည်းစား ၊မိန်းမ ၊ အမေ ၊ အစ်မ အပါအ၀င် ) ကို မေးမြန်းကာ သက်သေယူနိုင်ပါသည်။

စောစစ်(ဒေ၀ီ)
၂၅.၇.၂၀၀၉

No comments:

Post a Comment