Monday, August 17, 2009

အစိမ်းရောင်အိမ်မက်

ငါက အနှုတ်မြစ်တစ်စင်းထဲ စီးမျောနီရေ အရောင်မရှိ အဆင်းမပေါ်ရေ ကောက်စရီတစ်ပွင့်ရာ ၊ အရည်အချင်းကဗလာ ညံဖျင်းခြင်းသရဖူကိုဆောင်းဗျလ် အခြေအမြစ် မရှိမျောချင်တိုင်း မျောနီရေ ပန်းတစ်ပွင့်ရာ ။ ငါ့ဇာတိက ဟိုဂနိုင်းချောင်းဖျားက။ ငါ့အမျိုးနွယ်လား လူမသိရေ ရပ်ကွက်ထဲက ဆင်းရဲ့ခံ လူတန်းစားအုပ်စုလေ။ ငါလား ပျင်းမျိုးကိုးဆယ်ကို ပိုင်ပိုင်နိုင်နိုင်ပျင်းတတ်တေ မဲခြောက်ခြောက် ပန်းတစ်ပွင့်ပါ။ တစ်ရက်မှာတော့ ကောက်ကရီပန်းချေ အညောင့်ထွက်စ ရီပြင်က လွတ်တေဆိုကေ အောက်ခြေလွတ်တေ အစိမ်းရောင် အိမ်မက်ကို မက်ခဖူးရေ။

ဒေအိမ်မက်ကို လွန်းခရေ နှစ်ပေါင်း ဆယ်နှစ်ကျော်က မိုးလင်းစ နီထွက်စမှာ မျက်နှာသစ်ပြီးမှ မက်ခရေ။ အိမ်နီယင့်နဲ မက်ခစွာမဟုတ် ဘဲ အိမ်ရှေ့ခြံဝင်းပြင်ဘက်မှာ မက်ခဖူးစွာ။ တွေးနီယင်းနဲ မက်ခစွာမဟုတ် ပန်းကောက်နီယင့်နဲ မက်ခဖူးစွာ။ ကောက်စရီပွင့်ချေ ဘုရားတင်ဖို့ မိုးလင်းစ ဖဖွဲလူးနီရေ ရိုးလှသန္တာပန်းတိကို ကောက်နီယင့် နှပျိုနီရေ ရင်ဘတ်အသည်းစိုင်းထဲ လန်းဆန်းနီရေ အာရုံဦးမှာ စိုစွတ်နီရေ ဆောင်းမှုန်နှင်းချေတိနဲအတူ စိမ်းလန်းတောက်ပနီရေ အိမ်မက်တစ်ခုကို အမြစ်တွယ်အောင် မက်ဖူးခရေ။
အိမ်မက်ထဲမှာ ကောက်စရီပွင့်ချေတစ်ပွင့် တိမ်တိုက်ဖျားမှာ ခြီတွဲလွဲချပြီး သာခြင်းဆိုဖို့ တာဝတိသာကို ရောက်လားခရေ ။ ယင့်အချိန်ကပင် ပြန်ကို မကျလီဗျလ်။

အမျိုးမမြင့်လို့ ဂုဏ်မတင့်နိုင်ရေ ပန်းတစ်ပွင့်က အိမ်ဦးခန်းက ဘုရားပန်းအိုးထဲမှာ လန်းဆန်းနီချင်ရေ ။ အလှပန်းအိုးထဲက ကျက်သရေ ပြည့်နီရေ ပန်းတစ်ပွင့်ဖြစ်ချင်ရေလတ်။ ဟန်တစ်လုံး ပန်တစ်လုံးနဲ အလှဆင့် ရနံတင့်ရေ ပဒုံမာပန်းပိုင် လပြည့်ည လရောင့်အောက်မှာ လရောင်သောက်ရေ ပန်းဝတ်လွာချေပိုင် သူ့ကိုယ်သူ သွီးကြီးဘ၀င်ခိုက်ချင်နီရေလေ။ ကိုယ်ဘ၀ကို ကိုယ်တိုင် အလိုမရှိရေ ပန်းတစ်ပွင့်ဖြစ်ရစွာကို ကျေနပ်ခြင်းမရှိလီကေ ပန်းချေတစ်ပွင့် အိမ်မက်ဆိုရေ လွတ်လပ်ခြင်း ကမ္ဘာကြီးကိုငှားဗျလ် အိမ်မက် တစ်ခုဆက်တိုက် မက်နီခစွာ အခုတိတိုင် မက်နီသိမ်ရေ။

အစိမ်းရောင်ဆိုစွာက အရောင်သင်္ကေတသဘော ရှင်သန်ခြင်းကို ဆောင်ရေ။ ကောက်စရီပွင့်ချေ မက်တေ အိမ်မက်ကလည်း အစိမ်းရောင် အိမ်မက် ။ ရှင်သန်းမြဲ ရှင်သန်နီရေ ကောက်စရီ ရင်ဘတ်ထဲက ယုံကြည့်ချက်တိ တစ်ရက်ထက် တစ်ရက် ၊ တစ်ညထက်တစ်ည တစ်နှစ်ထက် တစ်နှစ် ပိုပြီးကေ ခိုင်မာလာခရေ ။ အောက်တန်းစား ပန်းတစ်ပွင့် အိမ်မက်ကို ပတ်ဝန်းကျင် တစ်ခုလုံးက လှောင်ရီကတ်တေ။ မကြားတစ်ကြား လှောင်ပြောင်းကတ်တေ။ ကဲ့ရဲ့အပြစ်တောင် ပြောကတ်သိမ့်ရေ။ အော် … လောက လောက အဖြစ်ဆိုရေ စကားတစ်ခွန်းကို တစ်သက်လုံး အဆောင်လုပ်ပြီး ကိုးကိုယ်ယုံကြည်နီကတ်ဖို့လားလို မေးလိုက်ချင်ရေ။ သူရို့ယုံတိုင်း ငါကိုလည် ယုံရဖို့ အားဒမ ခိုင်စွာက မလွန်လားချင့် ကိုယ်လိုချင်ပိုင် ကိုယ်တွေးစွာကို လွတ်လွပ်ခွင့် မရရေ အေအသိုင်းအ၀န်းကို ဆန်ကျင့်လို အကျင်ခံရစွာကို ၀မ်းနည်း စရာလားယေ။ ငါသက်သေပြချင်စွာက ကောက်စရီဆိုစွာ အမြဲတမ်း ချောင်းဖျားမှာ အမှိုက်ပုံကြား ကန်ပျက် မြစ်ကမ်းနားမှာရာ ရှင်ရဖို့ ပုံသေသတ်မှတ်ထားစွာရာလား။ ပြောင်းလှဲသစ်လွင် တောက်ပြောင်နီကတ်တေလူတီ နှစ်ပေါင်းများစွာ ယုံကြည်လာကတ်တေ နိယာမတိ မမှန်မကန်ကြောင်း သက်သေ ပြနိုင်ကတ်ပိုင် ငါမှာ သက်သေပြခွင့်တောင်မရှိလားရေ။ ဇာဖြစ်လေ ရေကန်အစစ်မဟုတ်ဘဲ လူတူးရေ ရီကန်ထဲမှာ ပေါက်တေ ပန်းအလှချေတစ်ပွင့် ဖြစ်ခွင့်မရှိလား။ ဒေအိမ်မက်က အစိမ်းရောင် သစ်တစ်ပင်ဖြစ် ငါရင်ဘတ်မှာ အမြစ်တွယ်ဗျလ် ရှိနီစွာ ကြာခဗျလ်။ မဖြစ်နိုင်စွာကို အိမ်မက်လုပ်ပြီး စိတ်ကူးယဉ်နီရေလို ပြောနီကတ်တေ ယင်းမဖြစ်နိုင်စွာကိုမှ ငါအိမ်မက်မက်ပြီး ခရီးဆက်ချင်သိမ့်ရေ။

ကောက်စရီပိုင်း ငါက သူဆင်းရဲမတစ်ယောက် နှပ်မမှန်ရေ မိသားစုနဲ့ စီပွားရေးကို အားကိုး မတောက်မခေါက်ပညာရေးကို အမွှေဆက်ခံရရေ သမီးတစ်ယေက် အတွက် ဒေလောကက ငါကို ပေးစွာ ရင့်ရဲတတ်ခြင်းတစ်ခုတည်းလား ၊ အားနားတတ်မှုဆိုစွာရာလား ၊ ချွေတာစုဆောင်း ငတ်မွတ်ခြင်းတိရာလား။

လူဖြစ်လာခရေ ငါ့အတွက် တန်းတူဆိုရေ စကားတစ်လုံးကို ငါကိုယ်ငါ့အားနဲ့ လှဲယူနိုင်ဖို့ ငါ့အိမ်မက် အခု ငါ့ မက်နီရေဆိုကေ ငါ့ရင်ဘတ်ထဲက အိမ်မက်သစ်ပင်က စိမ်းလွင်တောက်ပလို အသီးအပွင့်ပွင့် အီတွဲကျနီဗျလ်။ တစ်နီတစ်ရက် အချိန်ကို စောင့်ယင်း ငါ့ရင်ဘတ်မှာ အိမ်မက်တစ်ခု အမြစ်တွယ်တုံးရာ။

No comments:

Post a Comment