Monday, August 17, 2009

အခါရောက်လတ်ဗျလ်

ခြီရာမကျန်ရေ အတိတ်ကို ငါ့ရင်ဘတ်က ဆွဲထုတ် နှစ်ကူးမှာ ဆေးကြောဖို့ စိတ်ကူးကြည့်မိရေ ။ အဟောင်းနံ့ တစ်သောင်းသောင်းထနီရေ ရက်စွဲတိ ကမ္ဘာမကျေရေ အမုန်းတီးတစ်ချို့ ရှိနီရေ ဒေရင်ဘတ် ကို ထုတ်ဗျလ် အသစ်ပြန်ဖြစ်စီဖို့ ငါ ဆေးကြောချင်ရေ။

လိုင်းသံ ရီသံထက် သာယာရယ် လို့ ထင်ဖူးခရေ စကားသံ၊ သောင်ပြင်ကမ်နားပါးမှာ အလှည့်ကျ ပေါက်နီရေ အလှည့်ကျပေါက်ပင်တီပိုင် ကောက်ကရမင်းကျ ပြောတတ်တေ စကားလုံးတီ၊ ထင်တောင်မထင်ဝံရေ လုပ်ရပ်ထိ ငါ့ကိုယ် လုပ်ပင်လုပ်ဝံရေကာလို့ ပါးစပ်က မပြောချင်လောက်အောင် ယုံကြည်ဖူးခရေ ယုံကြည်ချက်တီကို ငါဇာပိုင် ဆေးလိုရဖို့ လည်း သင်္ကြန်ရေက နှစ်တစ်နှစ်ကို ဆေးကြော နိုင်ကေလည့် ငါ့ရင်ဘတ်ကို ဆေးနိုင်ဖို့လားလို့ ငါသံသယ တော့ ဖြစ်မိရေ။

တစ်ပွင့်ချင်း ကြွေကျနီရေ ပိတောက်ပန်းအကြွေတီပိုင်၊ တစ်မှုန့်ချင်း လေတိုက်ရာကို မျောပါနီရေ ကံကော်ဝတ်ဆံမှုန့်တီပိုင်၊ ခြောက်တောက်တောက် တစ်ပင်လုံး အနီရောင် တောက်နီရေ စိန်ပန်းပင်တီပိုင် မကြွေချင်ကေလည်း အချိန်တန်ကေ မိုးသံကြားကေ လီသံကြားကေ အနောက်လီတိုက်လာကေ ကြွေကျကတ်ရရေ ဒေပန်းပွင့် ချေတီပိုင် ၊ ငါကိုယ်မှာ တစ်ပင်လုံး ပွင့်နီရေ ချစ်ခြင်းတရား၊ မပြယ်နိုင်ရေ မေတ္တာတရား၊ မစွန့်နိုင်သိမ့်ရေ တွယ်တာမှုချေတီ အပြီးသတ်ဖို့ မိုးသံကြားရဗျလ်။ ငါ့ရင်ဘတ်ကို လာတိုက်လေ လီသံ အောက်မှာ နှစ်ဟောင်းက ပန်း ဇာပန်းပင် ဖြစ်ဖြစ် ကြွေချိန်တန်ဗျလ် ။

ငါ့ရင်ဘတ်မှာ အဂင့်ဂင့်ရာ အရောင်ပြောင်းပြီး ကျန်နီစွာက အမုန်းဆိုကေလည်း ဒေအမုန်းကို ငါ မစိုက်ချင်ဗျလ် ။ ရှင်နီရေ အမုန်းပင်ပျိုဆိုကေလည်း ဒေအမုန်းပင်ကို ငါထပ်ပြီး အ ညွန့်မတက်စီချင်ပါ။ အခြေခိုင်နီရေ သစ်တစ်ပင်ဆိုကေလည်း အသီးအခက် အပွင့်မပွင့် စီချင်ဗျလ် ။ အဆုံးသတ်လိုက်ချင်ဗျလ်။ ကမ္ဘာကြေ သင်ပုန်းချေပီးလိုက်မယ်။

အချစ်ဆိုစွာ ငါ့ဘ၀တွက် အိပ်မက်တစ်ခုဖြစ်ချင် ဖြစ်ခလိမ့်မယ် ။ အချစ်ဆိုစွာ ငါ့ဘ၀အတွက် အင်းအားတစ်ခုဖြစ်ချင်ဖြစ်ခဖူးလိမ့်မယ်။ အချစ်ဆိုစွာ ငါ့အတွက် ဇာပင်ဖြစ်ဖူးဖူး ငါ့ဘ၀အစိတ်အပိုင်းတစ်ခုတော့ မဟုတ်သိမ့် ။ ငါလှမ်းရေ ခြေလှမ်းတိုင်းကို အရိပ်အဖြစ်လိုက်နီ အဖြစ်ကို ငါမလိုချင်ဗျလ်ဒေ။ ရှိဖူးခရေ ထားဖူးခရေ သံယောဇဉ် ကို ဖြတ်ချင်တိုင်တော့ ဖြစ်လိုတော့မရ နိုင်ဆိုကေလည်း နှစ်ဟောင်းမှာ ထားခလိုက်ဗျလ်။ စည်းဆိုရေ စကားလုံးအောက်မှာ ငါ့ရင်ဘတ်ကို ဘောင်ခတ် နှစ်သစ်ခြေလှမ်းကို ရင်ဘတ်အသစ်နဲ စ အလှမ်းဖို့ မိုးဦးခေါ်စောင့် ရောက်လတ်တေ။

မှတ်ချက် ။ အ သည်းကွဲနေခြင်းမဟုတ် ရခိုင်လို ကြိုးစားပမ်းစား ရေးကြည့်နေခြင်းရာ ဖြစ်ပါသည်။

No comments:

Post a Comment