Tuesday, December 15, 2009

အမေ့လျော့ခံ ကြေးရုပ်ထု

ဒီဇင်ဘာကိုရောက်လာပါဗျလ် ။ အီးစက်စိုစွပ်ရေ နှင်းတိ မြူတိ ဆိုင်းဗျလ် လှချင်တိုင်းလှနိန်ရေ ကိုယ်မြို့ကိုယ်အရပ်ဒေသကို လွမ်းလို့ လာပါရေ။ ညှာတံပေါ်မှာ နှင်းရေချေတိ ခိုတွဲစိုစွပ်နိန်ရေ သဇင်ပန်းချေတစ်ခက်လောက် ဘုရားတင်ခွင့် ပန်ဆင်ခွင့်ရဖို့ အခွင့်အရေးမရှိရေလူတစ်ယောက် အတွက်တောင် အေဒီဇင်ဘာရေ ရခိုင်တစ်ယောက်အတွက် မမေ့ပျောက်နိုင်ရေ အရာချေတိက ဆက်စပ်လို့ ကျန်ရှိနိန်ပါသိမ့်ရေ။ ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ်နေ့ကိုရောက်လို့ လာပါရေ။ ကမ္ဘာနှင့် အ၀န်းမှာရှိနိန်ရေ ရခိုင်များက ဖော်မပြနိုင်ရေ ခံစားချက်ကိုယ်စီဖြင့် ကိုယ်ပြည်ကိုယ့်ရွာကို သတိတရ ဖြစ်တတ်ကတ်ပါရေ။

ယင်းတိုင်ဆိုင်မှုတိထဲသတိတရ ဖြစ်မိစွာကတော့ ကြေးရုပ်ထုတစ်ခုကိုလည်း ရခိုင်ပြည်နှင့် ယဉ်ပြီးကေ ရခိုင်တိုင်းက သတိရမိတတ်ပါရေ ။ နှင်းရေနှင်းစက်အောက်မှာ အွီးစက်နိန်ရေ ကြေးရုပ်ထုကြီး တစ်ခုရေ စစ်တွေမြို့ မြို့လည်တည့်တည့်မှာ တည်ရှိနိန်ပါလီဖို့ ။ ယင်းရုပ်ထုကြီးစွာ ရခိုင်လူမျိုး ရခိုင်သမိုင်းသစ်မှာတော့ ပါရဂူတစ်ဆူ အာဇာနည်သူရဲတစ်ယောက် ဖြစ်ခဖူးပါရေ။ ယင်းသူရဲကောင်း၏ ကိုယ်ကျိုးစွန့် အသက်ပေးစွမ်းဆောင်ခဲ့မှုကို ဂုဏ်ပြုထား ခြင်းဖြစ်ပါရေ ။ ထိုကြေးရုပ်ကြီးသည် ကမ္ဘာကို အံတုခရေ လူသားတစ်ဦး၏ အရိပ်ဟောင်း၊ လူမျိုးတစ်ခု၏ လက်ဦး ဆရာတစ်ဆူ၊ နိုင်ငံတစ်နိုင်ငံ၏ မမေ့အပ်ရေ အရိုသေခံ လူတစ်ဦးဖြစ်ခရေပိုင်၊ ထူးဆန်းသည့် အတွေး အခေါ် ရင့်သန်သည့် သမာဓီ ခိုင်မာသည့် ယုံကြည်ချက်များ ဖြင့် လူ့အခွင့်အရေးဆိုသော စကား လုံးကို လူသားအားလုံးအတွက် ရှေ့ဦးစွာ အရေးဆိုပေးခဲ့သူ ဖြစ်ခဖူးပါရေ။ ထောင် ဆိုသော စကားလုံးနှင့် ဆင်းရဲငတ်မွတ်ခြင်းသည် ပင်လျှင်နောက်တွန့် လောက်စေသော အတားဆီး မဖြစ် ခရေ ထိုသူ၏ သတ္တိ အတွက် သူမွေးရပ်မြေဇာတီက ဂုဏ်ပြုထားရေ ကြေးရုပ်ကြီးဖြစ်ပါရေ။ ယင်းလူသားကလည်း လွန်ခရေ နှစ်ပေါင်းတစ်ရာကျော်က ဒေဒီဇင်ဘာဆောင်အာရုံဦးတစ်ရက်မှာ မွီးဖွားခပါရေ။

ယင်းကြေးရုပ်ကြီးပိုင်ရှင်ရေ ဆောင်မှာမွီးခကေလည်း သူ၏အသည်းနှလုံးတိက ကမ္ဘာသူ ကမ္ဘာသားများနှင့် ရခိုင်ပြည်သူပြည်သားများအတွက် နီရဲတောက်ပြောင်သော နီမင်းအသွင်ကို ဆောင်လို့ နိန်ခပါရေ။ လွတ်လပ်ရေးဆိုသော သစ်ပင်ကို ကိုယ်ကျိုးမဖက်ဘဲ နှလုံးသွေးဖြင့် နောင်လာနောင်သားများအတွက် စိုက်ပျိုးပီးခပါရေ။ သစ်ရိပ်ခိုရေ နောင်လာနောင်သားတိက အသီးကိုလည်း စား အကိုင်းကိုလည်းချိုး အခေါက်ကိုလည်း ခွာချတတ်ကတ်တေပိုင်း သစ်ပင်စိုက်ပျိုးပီးခရေ လူ ကျေးဇူးကိုတော့ခါ မေ့လျော့လားခကတ်ပါရေ။ မျိုးဆက်သစ် ရခိုင်ပြည်သူ ပြည်သားအသည်းနှလုံးက အေကြေးရုပ်အပေါ်မှားထားရေ ခံစားချက်က ဒီဇင်ဘာဆောင်ထက်တောင် ပိုပြီးကေ အီးစက်လို့ နိန်ပါသိမ့်ရေ။ ရခိုင်ပြည်သူတို့၏ အသိတရားကို နှင်းတိ မြူတိ ဖုံးအုပ်လို လားလီကတ်တေလို့ ရာ ထင်မိပါယင့်။

ကမ္ဘာအ၀န်း အ၀ီးရောက် ရခိုင်များက ဆရာတော် မွီးနိန်ကို အမှတ်တရ ကျင့်ပဖို့ စိုင်းပြင်လိုနိန်ကတ်တေ အချိန်မှာ စစ်တွေမြို့က ရခိုင်သူ ရခိုင်သားများ ရေ ဆရာတော်ဦးဥတ္တမ မွီးနိန်ကို အမှတ်တရ ရှိကတ်ပါဖို့လားချင့် တွေးမိဖြစ်ပါရေ ။ လူသိန်းပေါင်းများစွာ နိန်ထိုင်နိန်ရေ စစ်တွေမြို့က လူဇာနှစ်ယောက်လောက် ကြေးရုပ်ကြီးရှိရေ ပန်းခြံထဲကို ဂါရ၀ပြုဖို့ အောက်မေ့သတိရလို့ ကျေးဇူးကို အမှတ်ရမိလို့ လာလီကတ်ပါဖို့လည်းချင့်။လမ်းမကြီးပေါ် ဖြတ်သွား ဖြတ်လာမြောက်မြားစွာထဲက ကြေးရုပ်ရှေ့ကို ရောက်ရေ အခိုက် သတိတရ လှည့်ကြည့်လားရေ လူတိများ ရှိကတ်ပါဖို့လားချင့် ။ ဆုတောင်းအမျှအတန်းဝေပီးဖိုလူ ထိုကြေးရုပ်ကြီးပိုင်ရှင်အတွက် ဖုယောင်းတိုင်တစ်ချောင်းလောက် ထွန်းညှီပူဇော်ပီးပြီးကေ အောက်မီဆုတောင်ပွဲလုပ်ပီးဖို့ လူ တစ်ယောက်လောက်တော့ စစ်တွေမြို့မှာရှိဇီချင်ပါရေ။

ရွှေရောင်တ၀င်းဝင်းနှင့် မြို့ကျက်သရေဆောင် အေကြီးရုပ်ထုကြီးကို ရုပ်ထုဟောင်းတစ်ခုလို့ရာ မြင်လီကတ်ဖို့ ၊ တစ်ချိန်က ကမ္ဘာနှင့် ချီပြီးကေ လေးစားဂါရ၀ ပြုခံခရရေ လူတစ်ယောက်ရေ အေနိန်ငါ့ရို့နှင့် မဆိုင်လိုက်ဗျလ် လို့ရာထင်လီကတ်ဖို့၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးခြယ်လှယ်မှု အောက်မှာ အမှန်တရားတိ ဖုံးကွယ်ခံနိန်ရရေဆိုတိုင်း ကိုယ်တိုင်းပြည် ကိုယ်လူမျိုးထဲက ပူဇော်ထိုက်သူကို ပူဇော်ဖို မေ့နိန်ကတ်တေ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုဖို မေ့နိန်ကတ်တေ ဆိုကေ ရခိုင်လူမျိုးတစ်ခုလုံးလုပ်ရပ်ကတော့ ကောင်းကောင်းရှက်စရာကောင်းလီဖို့ပါဗျလ်။

ရက္ခတအနွယ်ဟု မိမိကိုယ်ကို ဂုဏ်ဖော်တင်စားနိန်ကတ်တေ အေရခိုင်ပြည်သူတိက ကိုယ့်လူမျိုးတစ်ယောက် လုပ်ရပ်ကို လည်း မလေးစား ၊ ကိုယ်လူမျိုးတစ်ခုလုံး၏ ဂုဏ်ကိုလည်းမဖော်ဆောင် ၊ ကိုယ်၏သိဏ္ခာတရားတိလည်း ဂရုမစိုက် ၊ အလေးနက်ထားသင့်ရေ လုပ်ရပ်တိကိုလည်း သတိမမှုဘဲ ရာနေထိုင်နိန်ကတ်တေ ဆိုကေ ယင်းပိုင်အရပ်မှာ ရုပ်ထုကြီးတစ်ခု တည်ရှိနေခြင်းက ဇာတစ်ခုလည်း အဓီပ္ပါယ်ရှိလီဖို့လည်း မဟုတ်ပါဗျလ်။ ယင်းရုပ်ထုကြီးပိုင်ရှင် ၏ မွီးနေ့ချေ တစ်ရက် ကျရောက်လာစွာကိုတောင် မသိလိုက်ကတ်တေ လူတိအတွက် တစ်ချိန်က ရခိုင်ပြည်လွတ်လပ်ရေအတွက် မိမိကိုယ်ကို အသက်ပေး စတေးပြီးကေ ဆောင်ရွက်ပီးခရေ ဆရာတော်ဦးဥတ္တမကို တခြားလူတိက မေ့မေ့ပျောက်ပျောက် လားခကတ်ကေလည်း ရခိုင်ပြည်သူအပေါင်း မမေ့အပ်သင့်ပါဆိုရေအကြောင့် ဆရာတော်မွီးနေ့အကြို သတိပေးဆောင်ပါးတစ်ပုဒ်ဖြင့် နီုးဆော်တိုက်တွန်းလိုက်ရေ။ နိုးထကတ်ဖို့အချိန်ရောက်ဗျလ် ရခိုင်သားရို့ဝေ….

စောစစ်(ဒေ၀ီ)
16.12.2009

Tuesday, December 8, 2009

ထိုအရပ်၌ ပွင့်သော ပန်းများ




ဆောင်းလီဝင် ချမ်းအီးစ ည သန်းခေါင်းယံ သုံးနာရီထိုးခါနီးနီးမှာ တိုက်လာရေ လီတိက အေးမြလို့ နိန်ပါရေ။ နှင်းမှုန်နှင်းစက် အတိအတွေ့ တိက မျက်နှာကို တိုက်ခိုက်လိုက်တိုင်း လီတသုတ်ပြီး တစ်သုတ်ကို ဘာသာပြန်ရင် အတိတ်ကိုလွမ်းယင်း လမ်းလျှောက်နိန်ရစွာကလည်း ပြောမပြတတ်အောင် ပျော်ရွှင်လို လာပါရေ။ မွန်းကျပ်မှုတိ ကြားထဲမှာ သဘာဝဆန်ရေ အရသာချေကို မြတ်နိုးတသသ ဖြစ်ကာ ပျော်ရွှင်လို နိန်ရေအချိန်၊ ကိုယ်အလုပ်နှင့် ကိုယ် မအားလပ်ကပ်လို မတွေ့ရ မမြင်ရ လူတိအားလုံး တစ်စု တစ်စည်းတည်း ညသန်းခေါင်ကျော်အောင် ပန်းခြံထဲမှာ လှမ်းလျှောက်နိန်ရစွာကလည်း စိတ်လွပ်ပေါ့ပါးလို နိန်ပြန်ပါရေ။ ယင်းပိုင်အချိန်မှာ ပြောရင်းဆိုရင်း လှမ်းလိုက်ရေ ခြေလှမ်းတွီ တုံ့ဆိုင်းရပ်လားအောင် ရနံ့တစ်ခု ညို့ယူဖမ်းဆုပ်လိုက်စွာ ခံလိုက်ရပါရေ။ အိုးဘုရား ဘုရား ဥစ္စာစောင့်များ ရှိလာဂု....

ဖြစ်နိုင်ဖို့လား စိတ်က ထင်စွာလားလို့ စိတ်က ယုံထင်ကြောင်ထင် ခွဲမရကေလည်း သေသေချာချာ ယင်းရနံ တစ်ခုကို ဆက်ရနိန်ရေ။ မြင်သမျှ ရုပ်ဝတ္တုတိကလည်း နောက်ဆုံးပေါ် မိုးမျှော်တိုက် ပေါင်းများစွာ ပတ်လည်း မှာ ၀န်းရံထားပါရေ ။ ပန်းခြံတစ်ခုထဲမှာ တွီရသမျှ အရာများသည် ခေတ်မှီအောင် လူများဖန်တီးထားရေ အကောင်းတကာ့ အကောင်းဆုံးများကို သာ အစုလိုက်အပြုံလိုက် တွီနိန်ရပါရေ။ အလှငါးများရောင်းစုံ လှုးလာ ကူးခပ်နိန်ရေ လူလုပ် ပေတစ်ရာကျော် စမ်းချောင်းတစင်းသည် ရေစီးသံတစ်ဝါးဝါးမြည်ကာ စီးဆင်းနိန်ပါရေ။ အကျွန်အသိစိတ်က သေသေချာချာကို သိပါရေ ။ ယင်းရနံဆိုစွာ နစ်ပေါင်းများစွာ ရှင်းနီးလာရေ ရနံဖြစ်လို့ ကိုယ်နှခေါင်းက ပင်ကိုယ် အသိတရား လှံ့ဆော်မှုကို ခံယူပြီး ခြေလှမ်းတီကို သစ်ပင်ခြုံတော့ထဲကို ထိုးဝင် လိုက်ပါရေ။ သူငယ်ချင်းတိက အထူးအဆန်းဖြစ်နိန်ရေ အကျွန်ကိုကြည့်ကာ နောက်ကနိန်လိုက်လာကပ်ပါရေ။ ယင်းအချိန်မှာ ဆောင်မနက်ခင်း လေတစ်ချက် ထပ်တိုက်လိုက်ပါရေ ။အသွေးထဲက အီးစက်မေးခိုက်လားကေလည့် ရနံလာရာလမ်းကို သေချာစွာ အနံ့ခံလို့ ရလိုက်ပါရေ။

ဆယ်ပေပတ်လည်ကျော် လောက်ကျယ်ရေ စံပယ်စိုက်ခင်းတစ်ခု၊ အများပြည်သူ ပိုင် ပန်းခြံထဲမှာ အလှစိုက် စိမ်းစိုလှပနိန်ရေ အပင်တုတ်ကြီးတိ ကို တအံတသြ တွီလိုက်ပါရပါရေ။ စံပယ်ပန်းအဖူးပေါင်း ပင်လုံးကျွတ် ဖူးလို သင်းထုံလှပနိန်စွာ တသက်နှင့် တကိုယ် တစ်ခါလည် မမြင်ဖူးခရေ မြင်ကွင်းတစ်ခုကို အေနေရာမှာ တိရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးခပါ ။ စံပယ်ဆိုစွာ ပန်းကုံးအဖြစ်ရာ အများကြီး မြင်ဖူးခကေလည့် အေလောက်ပန်းခင်းအကြီးကို တစ်ခါ လည်း မမြင်ဖူးခပါ။ ပန်းမခူးရ ဒဏ်ငွေငါးရာ ဆိုစွာတောင် မရေးမစိုက်ဘဲ ပန်းခူးလိုက်ပါရေ။ ကြည်လင်လာရေ စိတ်နလုံးတိနှင့် ဆက်လျှောက်လာသမျှ လမ်းတစ်လျှောက်မှာ ရှူလို့ မ၀ရေ ဒေါန ပန်းခင်းတန်း တစ် ခု ၊ ဇလပ်ပန်းရုံများ ဟိုနား အေနား တစ်စု၊ နှင်းဆီပန်းခင်း တိကို လည်း ထပ်ပြီးကေ တွီရပါသိမ့်ရေ။ ယုံတမ်းစကားလို ရာ ထင်ချင်ကေ ထင်လိုက်ပါ နှုံးလို ခေါ်ရေ ပင်စိမ်း အပင်ကိုလည်း အလှစိုက်ထားစွာကို တအံ့တသြ တွီရပါရေ။ ဟင်းချက်ကေ ထည့်ဖို နည်းနည်းခိုးရအောင်လို တောင် ပြောကတ်ပါသိမ့်ရေ။ ဧကရာဇ် အပင်အပုများ တမြို့လုံး အုန်းအုန်းကျွတ် ပွင့်နိန်ရေ အရပ်ဒေသကို ကြည့်ပြီး ကိုယ်မြို့ ကိုယ်နိုင်ငံကို လည်း အထင် သေးချင်မိပါရေ။ ကိုယ်ရို့ပြည်မှာ ရှားပါစရင်းဝင်နိန်ရေ အပင်တိ ကို သဲဂန္ဒာရ ထဲမှာ အရောင်အသွေးစုံနိန်ရေ ပန်းဥယာဉ်ထဲမှာ အဆင်းမရှိကေလည်း အသွေးရှိရေ ပန်းတိကြောင်း ပိုမိုလှပနိန်စွာကို လူတိသတ္တိတောင် ထားမိပါဖိုလားချင့် ။ တန်းဖိုးထား ရကောင်းမှန်းတောင် သိကတ်ပါဖို့လားချင့် အေထက်မက အဖိုးတန်းအပင်ပေါင်းမြောက်မြားစွာ ကြားမှာ သာမှန်အရပ်သူ တစ်ယောက်အဆင်းဖြင့် ဆိုးဝါးလှစွာသော ရာသီဥတုအောက်မှာ မွှီးမြဲမွှီးတုံး လှမြဲလှတုံး သဘာဝတရားနှင့် အနီးစပ်ဆုံး အပင်များကို တွေ့လိုက်ရခြင်းက ကိုယ်အမျိုးကိုယ်အဆွေတွီကို ပြန်တွီလိုက်ရရေပိုင်း ပျော်ရွင်မှုကို ဖော်မပြနှိင်အောင် ဖြစ်မိပါရေ...မိန်းကလေး ဖြစ်ရေ သဘာဝလိုရာ ထင်ပါယင့်...

အေအရပ်ဒေသက လူတိ လူလုပ် စမ်းချောင်း ခြုံတောချေတိ စရေ သဘာဝပန်းမာန်တိကို တကူးတက စိုက်ပျိုးထိန်းသိမ်းပြ ထားစွာ ကို အံသြမိပါရေ။ အစီအရီ စိုက်ပျိုးထားရေ သဲဂန္ဒာရသစ်ပင်များ နှင့်ရောင်စုံမီးပန်းများအောက် လှချင်တိုင်းလှပနိန်ရေ အေပိုင်နေရာမျိုးမှာ အေမပြောပလောက်တေ ပန်းတိကိုများ စာဖွဲ့နိန်ရေလို ထင်စရာရှိပါရေ...ကိယ်တိုင်းပြည်မှာတော့ လမ်းဘေးမှာ သပြေကိုမစိုက်ပါ အေမှာ လူလားလမ်းဘေးမှာ သပြေပင်ချေတိကို ယင်းပန်းခြံထဲမှာ စိုက်ထားပါရေး ။ အေ ဘာဝတရားနှင့် အမြဲဆက်စပ်နိန်ရေ အပင်ချေတိ၊ ပင်ကိုယ်ဘသာဝကိုယ်က အမွှေးရနံ့ထူးခြားစွာ ရှိရေ အဖိုးတန်းအပင်ချေတိက ပိုတန်ဖိုးရှိရေလို ထင်မိပါရေ။ .. မျိုးစပ်အပင် ဇာအပင်ကို မဆိုးအလွယ်တကူ ၀ယ်လိုရကေလည်း အေအနံ့တိက ရွှေပီးလိုတောင် ၀ယ်မရစွာပါကို...

အကျွန်၏ ၀ါသာနာ ထဲမှာ ပန်းစိုက်တတ်ရေ အကျင့်ကို အငယ်ချေကတည်း ကပင် အကျင့်ရှိပါရေ။ ခြံတစ်ခုလုံး ကို ခြုံတောဖြစ်အောင် ငွေးကြေးမကုန်ဘဲ အလွယ်တကူ ရသမျှ အပင်တိုင်ကို စုစိုက် ထားလိုအားမရဘဲ ဘုရားစင်အောက်ကို ပန်းအိုးရောက်လို ငါအိမ်ကို တောထအောင် လုပ်နိန်စွာမနားချင့်လို့ မေမေဒေါသနှင့် ကြုံဖူးခပါရေ။ ဂမုန်းပင် ပါရာ လဒ်လာဘထိုးရေလို့ အလျှောက်ကောင်းလို့ အထောင်းသက်သာ ဖူးခပါယင့်။ လက်လှမ်းမှီရာ အနီးအ၀န်းကျင်က တွီ့သမျှကို စိုက်ထားစွာရာဖြစ်လို့ သာမာရိုးကျ သဘာဝပန်းများနှင့်ရာ ရင်းနှီးခပါရေ။ စံပယ် ၊ခရေ၊ စံကားစိမ်းရို့ပိုင်းအမွှေးနှံပါရေ ပန်းတိကို အများကြီးနှစ်သက်ခပါရေ။ ဇလပ်ပန်း သနပ်ခါးပန်းကို အမြတ်တနိုး ချစ်ဖူးခပါရေ။ အခုတောခါ ယင်းချင့်တိစွာ အိမ်မက်ပိုင် နောက်ပြန်လှည့်ကြည့်ရေ အတိတ်တစ်ခု အဖြစ် ကျန်ခဗျလ်လို့ မေ့မေ့ပျောက်ပျောက် လွမ်းစရာချေတိ လို ထင်ဖူးခလီသမျှ အေနေရာမှာ တွီလိုက်ရစွာကတော့ခါ မကြုံဖူး မြင်ဖူးမယှုံ လို့ရာ ဆိုချင်ပါရေ...

အခုရောက်နိန်ရေ နိန်ရာသည် သဲဂန္ဒာရမြို့ပြပေါင်းများစွာထဲ အိုအေစစ်လို့ ထင်စားခေါ်ထားရေ မြို့ချေတစ်မြို့မှာ မိုင်းပေါင်းများစွာ ရှည်လျားလှသည့် ကမ်းခြေလမ်း တစ်လျှောက်ကို ဆောက်လုပ်ထားရေ ပန်းခြံတစ်ခုက အဖြစ်အပျက်ချေ တစ်ခု ကို ရီးထားခြင်းဖြစ်ပါသည်။ ယင်းမြို့သည် ဒူဘိုင်းမြို့ပိုင် အပေါ်ယံအလွှာများဖြင့် မွန်းကျပ်နိန်ရေ မြို့ပြဆန်ရေ မြို့တစ်ခု မဟုတ်ဘဲ လူသားများ အေးချမ်းစွာ နေထိုင်ရန် အလွန်သင့်လျော်သော မြို့ပြတစ်ခု ဖြစ်ပါရေ။ စိန်းပန်းပင်များနီရဲနိန်အောင် ပွင့်သော မြို့လည်း ဖြစ်ပါရေ။ ယူအေအီနိုင်ငံ၏ နန်းစိုက်ရာ မြို့လည်း ဖြစ်ပါသည် ။ အပင်မျိုးစိတ် တော်တော်များများကို ရှာဖွေစိုက်ပျိုးထားပါရေ။ စိုက်ပျိုးရေးနည်းပညာမှာ အီစီရေး နိုင်ငံရေ အကောင်းဆုံးလို ပြောသံကြားဖူပါရေ ။ ရီဝပ်ရေ စိမ့်မြေကိုတောင် အပင်စိုက်ပြီးကေ တစ်မြို့လုံးက စိမ်းစိုနိန်ရေလို့  ကြားဖူးခပါရေး အေကလည်း မရောက်ဖူးပါ။ ရိုးရှင်းသော လှပသော နေချင်ဖွယ်ဖြစ်သော အသွင်အပြင်များနှင့် ဇွန်ပလောင်သီးအပင်များ နေရာတကာမှာ စိုက်ပျိုးထားပါရေ အကြောင့် ခရီးသွားယင်း ဆောင်ပါးချေတစ်ပုဒ် ကိုယ်ညီအစ်ကို မောင်နှမများအတွက် ….

စောစစ် (ခတ္တ အဘူဒါဘီ)
၈.၁၂.၂၀၀၉

Saturday, December 5, 2009

သရဖူ


ယုံကြည်မှု ထုတ်တန်းကိုကိုင်
ရုန်းနိုင်သမျှ ခွန်အားကိုညစ်
အမှန်တရား အောက်
အနိုင်နှင့် အရှုံးကို
အလောင်းအစားပြုလိုက်ယင့်…

လက်တစ်လုံးခြား ပြုံးလို့
အားသာတုံး ခဏ
လီဘ၀င်ကို ခိုတွဲ
ဘ၀ မိဗျလ်လား….

မတူရေ ခွန်းအားနဲ့
င့ါလက်ပေါ်က ဓါး
အစွမ်းမပြနိုင်ခလည်း
အလှည့်ဆိုစွာ တံခါးမခေါက်ဘဲ ရောက်လာတတ်စွာ
မမေ့ပါကေ ….

ဦးမကျိုးသိမ့်ရေ အခိုက်
မိုးကောင်းတုံးဖြစ်လို့
အောင်နိုင်တုံးဆောင်းထား သရဖူ ….


မင်းရှုံးကေ တစ်လှည့်
မင်းဝတ်စင်းလို့
ငါကို ပြန်ဆက် တစ်လှည့်ဆောင်းမယ် သရဖူ…


စောစစ်
၁၉.၁၀.၂၀၀၉

မိုးသောက်ကြယ်

ဒေ ညမဆန်ရေ ညချေ
ခြောက်ကပ်ချင်းတိုင်း ကြယ်တိကို သိပ်ထား
လမင်းကိုနိင်ရေပိုင် ငါရို့နစ်ယောက်ကို လည်း
ထက်ခြမ်းပိုင်ထားရေ ....

ကဗျာဆန်ချင်ရေ အလွမ်းနဲ့
နာကျင်ရေ ရင်ဘတ်က
ငါ့အသက်ရှုသံကို ဖြန့်
တိတ်ချင်တိုင်း တိတ်နိန်ရေ ညမှာ
အလွမ်းတိ ညနက်ထဲ ခုန်ဆင်း
အေရင်ဘတ်မှာရာ အသက်ဝင်ရေကာ…

အိပ်မပျော်ရေ မျက်လုံးနဲ့
လွမ်းနာကျနိန်ရေ နားက
မိုင်ပေါင်းများစွာက လီတိုးသံချေကို ချစ်နိန်ရေဆိုဝါ ....

ကွဲလွဲချက်တိကြားထဲ
ဆုံမှတ်ဆိုရေ
နာရီတစ်လုံးမျိုချ
ဝေးကွာခြင်းကို ညမှာတည်ပြီး
သက်သည်ပြုပါယင့်

လွမ်းလို့ မလောက်ခင်
မိုးသောက်ကြယ်တစ်လုံး အနှောက်ဖျက်လို့
မိုးလင်းလားဗျလ်

စောစစ်

ဆောင်း

မိုးမင်းဇတာ ကံတော်ကုန်ကေ
ဝသုန်သက်ခြီ
ရာသီစက်ကို နှင်းဘားလက်အပ်
ချိန်ခါပြောင်းလတ်ဗျလ်…

စိုခိုး စိုစွပ် နှင်းရိပ်အောက်က
မိုးဒဏ်ကင်းစ အသစ်ဝတ်လှဲ
မြေ၀တ်မြက်လည်း စို့ညှောင့်စို့ထွား ၊

ပန်း၇ို့ ပင်ထက် ကင်းဖူးစချေ
စိမ်းနှင့် အ၀ါ ဖြူနီသင်းကြိုင်
တစ်မျိုးတစ်လီ အဆန်းဖြာဗျလ် မြင်သူရင်ငေး
သဇင် ၊သစ်ခွ ၊ ဂမုန်းစုံညီ
တောမြိုင်တန်းရို့
အလှမျက်နှာ ပွင့်လတ်ချိန်….


မိုးမြေသာလှ ထိန်သာ လ နှင့် နှင်းရိပ်ရောင်ပြ
ဆောင်းလှမ်းကြွမြန်း သည်မြေနန်းမှာ ဆောင်ခိုဟေမာန်
အနိုင်ကျင့်လို့ အသည်းခိုက်အောင် ချမ်းအီးလတ်ဗျလ် …


ဖြူသော ငွေမင်း မြူနှင်းကြားမှာ
အာရုံနံနက် ဆောင်းလီအောက်က
ဖြူလွှသန္တာ ညုာရိုးသီကုံး
ချစ်ငွေ့သဒ္ဒါ သီတန်းပါလို့
ရိုးလှပန်းကုံး
ဘုရားတင်ချိန် ရောက်လတ်ဗျလ်..

ပေါ်ဦးသဇင် ၀တ်ညုာတွဲလွဲ
နှင်းဦးဝတ်ရည် ငါ့ရင်ခိုတွဲ
လွမ်းသည့်စိတ်တို့ ၀င်လတ်သော် ....

ငါသည်းနှမ ရင်မှအချမ်း သည်ဆောင်ဒဏ်ဆိုး
အလွမ်းစာဖွဲ့ ချစ်သူထံပါး ဆက်သချင်လည်း
မ၀ံ့ရဲပေ…

သူအိုတစ်ယောက်
အလှောင်ကြောက်လို့
ငါ့နှုတ်တိတ်ဆိတ်

တွေးသော ပေထက် စာမတင်ဘဲ
လွမ်းရာ ရာထပ် လွမ်းချင်း တီ ထပ်လီဗျလ် ….


စောစစ်
၁၀.၁၁.၂၀၀၉

Monday, August 17, 2009

ရာဇာဝင်သစ် မော်ကွန်း

အိုသာစွရခိုင်
ကမ်းမြိုင်မြိုင်မှာ စိမ်းညိုမှိုင်းမှိုင်း
ပင်လယ်ပြာပြာ ရီဖွာဖွာဘေး
မာရယုတည် ရခိုင်မြီဟု
ထင်ကျော်ဇော်သည့် သာဂီသားဆက်
အနွယ်မြတ်ရို့ ခေတ်ဆက်လေးဆက်
အစဉ်ဆက်ကာ သမိုင်းမျက်နှာ
ဂုဏ်ဖြာ ပြသာဒ် ရွှေထီးအဆက် တည်တံ့ခရေ.
ထင်ရှား သာသနာ စတည်ပြုလို့
မဟာမုနီ ဘုရားသက်သီ တည်ခလီရေ.
ဓည၀တီခေတ်ဝယ် ...
..


အိုသာစွ ရခိုင်
ဤမြီလူမျိုး တစ်နွယ်တစ်နန်း
ဂုဏ်ရောင်ဝင့်ထိန် ဝေသာလီဟု
စန္ဒြရားးမင်းဆက် အစွမ်းပြဗျလ်
ကျောက်ဆက်လက်ရာ
တုနိုင်၏လော တု၏လောဟု
သက်သီပြုရ အံ့မခန်ရေ
ကျောက်လှေကားမြို့ သမိုင်းခန်းဝယ်


အိုသာစွရခိုင်
နန်းသက်အကြွင်း သက္ကရာဇ်ဖြိုလို့
ဘုရင်အသက် နန်းဆက်မြဲအောင်
စတေးတည်ရ မြောက်ဦးခန်းဝယ်
ဘုံမိနက်သံ မျောက်က ကြိုးခွီ ဒေါင်းအိုးဝေ ဟု
နတ်ရွှီးသည့်မြို့ ဘုန်းတင့်ဂုဏ်ရောင်
သာသနာသမိုင်း ဆင့်ရောင်လွမ်းလီ
သဇင်ပန်းခိုင်း တစ်မြိုင်မြိုင်ဟု
ရခိုင်ဘုရား အစွဲပြုသည့် အိုဓည၀တီ …

အိုသာစွရခို်င်
ဘိုးတော်မင်းဆက် ဖြို့ပျက်လီက
မမြဲသဘော ရင်ဝယ်ပိုင်၍
ကွယ်ပျောက်ခရေ အတိတ်ရာဇ၀င်
ရွှေထီးရွှေနန်း သမိုင်းတင်ခ
ငါရို့ဂုဏ်ရောင့် ညိုးနွမ်းလီရေ...

အိုသာစွရခိုင်
နောင်လာသားရို့ အသိယူလီ ယင်းတိုင်းပြည်ရို့
ကမ္ဘာအ၀န်း အာဏာထလည်း ပျက်သုန်းလီခ
ရောမအင်ပါဟာ ပီရမစ်များ
ဆူမေးရီးယန် ဘုရားကျောင်းများ ၊ကော်ဒီယန်(ဘေဘီလုံနတ်ဘုံလား )
မွန်းဂိုးနှင့် တာတာ ၊တရုတ်၊အိန္ဒယရို့
ဗြိတိန်နီမ၀င်အင်းပါယာ
ဆိုဗီယက် ပြည်ထောင်စု ငါစွဲပြုလို့
ယင်းအားလုံးလည်း မမြဲသဘော အပျက်ကြွင်းရေ

အိုသာစွ ရခိုင်
နောင်ဝယ်သားတို့ တချိန်ထီးရိပ်
သင်တမ်းတလည်း လေးဝတီရို့ မမြဲခြင်း၌
သမိုင်းမည်သာ ဖြစ်လခဗျလ်...

အိုသာစွရခိုင်
နောင်ဝယ်သားရို့ ငါးဝတီဆင့် အပေါ်ထွန်းဖို့
အသစ်မာရယု ဇာသူပြုအံ့
အတိတ် လက်နက် ဒုတ်ဓါးစွမ်းဖြင့် နိုင်ငံပြုလည်း
ဂုမရနိုင်ဗျလ်

အိုသာစွ ရခိုင်
ကမ္ဘာသစ်ကို နောင်လာသားရို့
လက်ဆယ်ချောင်းကို နဖူးထက်မတင်လည်း
မောစ့်ထက်တင်ဗျလ် ညဏ်စွမ်းပြလို့
ခေတ်တဆက်ကို
မှန်ရောင် တိုက်ထပ် အဆင့်ထပ်လို့
ဇွဲလုံးလကို နတ်ပေါင်းကူလို့ ကမ္ဘာရှိ့ကိုပြီးကတ်မယ် ...


(ရီးကေ အမှန် ဖတ်ကေ အသံပါလတ် စာလုံးနန့် စကားသံကြားမှာ လွဲမှားနီရေ အသုံးနန်တိ အများကြီး ယှိပါသိမ့်ရေ) ပထမဆုံး အေအမ်ပီးမာ ရီးခရေ ကဗျာချေကို ရခိုင် ၀ါဟာရ တိနန့် အသွင်ပြောင်းခြင်းရာ ဖြစ်ပါရေ။
စောစစ်
၁၆. ၈ .၂၀၀၉

(ပန်းခြံတွင်း၌ ကျဆုံးသူများ)

ပန်းခြံထဲကို သေနတ်ထဲ ကျည်ဆန်အပြည့် ထည့်ပြီး
ရက်ရက်စက်စက် ပစ်သတ်ဖို့ အမိန့် နဲ့ စိုင်းပြင်လာကတ်တေ လူရို့တိစွာ
တေးသံ ကျူးရင့် ဗျလ် လာရေ လူတိ ကိုရာ တွီလိုက်ရရေ..


တိုင်းပြည်တာဝန်နှင့် အမျိုးချစ်စိတ်က
လူအုပ်ကို ပြည်သူအဖြစ်ပြောင်းလှဲ လိုက်စီရေ…

ပပိန်းချေ မမချေတစ်ယောာက်
အလံကို နနှောင်းဆုပ်ကိုင်ထားကေလည်း
ဘုန်းခနဲ့ ပြန် ပြိုလဲဆင်းလားခေ၇…

ကလေချေ တစ်ယောက် ဒဏ်ရာကြောင့်
အသက် ဆပ်တငင်ငင် ရူဗျလ်ဘုန်းဆို လဲကျလာခရေ…

ယင်းမြင်ကွင်းက
လူထုကို ကြောက်လှန့် ငြိမ်သက် လားခစီရေ ...
သေလားရေလူတိကို ငေးကြည့်နိန်ယင်း …
ဆို့နှစ်ကြေကွဲခြင်း ဒေါသလှိုင်းလုံးတီ
ရင်ဝတို ဆောင့်ကန်လိုက်ပိုင် ခံစားလိုက်ရရေ…

အေကေ သူရို့လည်း သူရို့အလံတိကို
သွီးအိုင်ထဲမှာ နှစ်၊ သွီးစွန်းနှီရေ အလံတိကို
လူသတ်သမားရို့ မျက်နှာရှေ့တည့်တည့်မှာ
စိုက်ထူလိုက်ကတ်တေ …

ငါသည်
အေသေလားကတ်တေ လူတိအတွက်
အပြစ်ဒဏ်ကို ပြန်ချပီးဖို့ ကျိန်ဆိုပါယင့်…
အဖတိုင်းပြည် ကို သွေးစွန်းစီရေ
အေလူတိကိုအပြစ်ချမီဖို့ ကျိန်ဆိုပါယင့်…


အေလူသတ်မှုကို ကျူးလွန်အောင် အမိန့်ချမှတ်တေ
လူအားလုံးကိုလည်း အပြစ်ဒဏ်ခံရစီဖို့ ကျိန်ဆိုပါယင့်…

အေ အလောင်းတိထက်က ခွကျော်ဗျလ်
အာဏာပါဝါ လုယူကတ်တေ သစ္စာဖောက်တိကိုလည်း
အပြစ်ပီးဖို့ ကျိန်ဆိုပါမိပါယင့်…

အေသတ်ဖြတ်မှုကို အပြစ်မရှိရေပိုင် ခွင့်လွတ်ရေး သမားတိကိုလည်း
အပြစ်ချပီးဖို့ ကျိန်ဆိုပါယင့်...

ငါရေ ယင်းပိုင်လူတိနဲ လက်တွဲဗျလ်
မေ့ပလိုက်ဖို့ကိုလည်း အလိုမရှိ..

ငါရေ ယင်းပိုင်း သွေးစွန်းဖူးရေ လက်တိကို ထိဖို့ပင် အလိုမရှိ…
ငါသည် အပြစ်ဒဏ် ချဖို့ကိုရာ အလိုရှိနိန် ရေ …
ယင်းလူတိကို
အရပ်ရပ်ကိုပိုပြီးကေ သံအမတ်ကြီးအနေနဲ့ ပို့ပီးလိုက်စွာကို ဖြစ်စီ
အိမ်မှာထား ကိုးကွယ်ကာ
တဖြည်းဖြည်း အပြစ်တိ ပျောက်ပြယ်လားဖို့စွာကို လည်း
ငါမှာမလိုမရှိ..

ငါသည်
အခု အေနေရာပန်းခြံထဲမှာရာ
ယင်းလူတိကို တရားခွင်တင်ဖို့ကို အလိုရှိရေ…
ယင်းလူတိကို ထိုက်တန်ရေ အပြစ်ကိုပီးဖိုကို ရာအလိုရှိရေ…

ငါသည် ယင်းလူတိ သေဆုံးလားရေ နေရာကို
ငိုဖိုလာစွာ မဟုတ် ...

အေနိန်ထိ ကျန်ခရေ လူတိကို
ပြောချင်လို ငါလာစွာရာဖြစ်တေ...

ငါရို့တိုက်ပွဲသည်
မြေပြင်မှာပင်ဖြစ်စီ၊ စက်ရုံထဲမှာပါဖြစ်စီ
တောထဲမှာ ဖြစ်စီ၊ တောင်ထဲမှာဖြစ်စီ
လယ်ကွင်းထဲမှာ ဖြစ်စီ ၊ လမ်းမပေါ်မှာ ဖြစ်စီ
ဇာနေရာမှာပင် ဖြစ်စီ
စစ်ကြောင့်ဖြန့်ပြီး တိုက်ဖို့ ရာ ဖြစ်တေ…

အော် ကျဆုံး သေဆုံးလာရေ သွေးချင်း သားချင်း အပေါင်းရို့
ထိတ်ဆိတ်ခြင်းထဲက နေပြီးကေ
ငါရို့၏ ကျယ်လောင်ရေ အသံနဲ့
လွတ်လပ်ရေး ကြွေးကြော်သံကို အော်ဟစ်မော်ကြွား ကတ်ရဖို့…
ယင်းအချိန်မှာ
ပြည်သူတို့၏ မျှော်လင့်ချက်သည်
ပျော်ရွှင်ခြင်း တေးသံနဲ့ ထိုင်းလုံးပြည်လုံး ဖုံးလွမ်းလို့ လားလိမ့်မယ်...။




ပတ်ဗလို နီရူဒါ
(အမေရိက တိုက်တစ်နေရာမှ)
၁၉၄၃-ဖေဖေါ်ဝါရီ


( ၁၉၆၈ ခု နှစ် ဒီဇင်ဘာလ တွင် ပထမအကြိမ် ထုတ်ဝေခဲ့သေါ လင်းယုန်မောင်မောင် ပြုစုရေးသားသည့် ရဲခေါင်ပျောက်ကျား ချေဂွေဗားရား စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။ ဤကဗျာအား အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ သို့ ဆရာကြီး ဒဂုန်တာရာ ပြန်ဆိုပေးခဲ့သည် ဟု စာရေးသူ လင်းယုန်မောင်မောင်က ၄င်း ၏အမှာစာတွင် ရေးသား ဖေါ်ပြထားပါသည်။)

( မြန်မာဘာသာမှ ရခိုင် အသုံးနန်းများကို တတ်ကျွမ်းသလောက် စောစစ်မှ အေအမ်ပီသို့ ဝေမျှစေချင်သောကြောင့် ဘာသာပြန်သည်။ တချိုနေရာများတွင် စာရေးသူ ၏ ဆိုလိုရင် မတိခိုက်စေချင်သောကြောင့် သင့်တော်သလို ဘာသာပြန်ပါသည်။ ) မမသီရီ ဘလော့မှ မြန်မာလို ကူယူပြန်ခြင်း ဖြစ်ပါသည်။

စောစစ်
၁၁.၈.၂၀၀၉

ငါ့ရင်ဝက လေးယှန်းတောင်

မျက်ရည်တိ ပေကျန်ဖူးခရေ
မျှော်လင့်ချက်တိ ပြုန်းတီးဖူးခရေ
ချစ်ခြင်းတိ မျိုးသုန်းဖူးခရေ

ခံယူချက်တိ လွဲမှားဖူးခရေ
ငါ အေလူသားဘားကို

နွီးထွီးခြင်း မျိုးစိ့ အသက်ပြန်ဆက်စီရေ
စေတနာ ရီသောက်မြစ်တိ
ထိုး အနောက်ရိုးမ တောင်စိုင်းကြားမှာ
ညိုနိန်ရေ မိုးပိုင် မှောင်လို့ ဆိုင်းလို့ …
ဟိုး ကုလားတန်မြစ်ဝက
ပြာလဲ့နိန်ရေ ရီလှိုင်းတိပိုင် ကျောက်ဆောင် အဆဲခံလို့ …

စိမ်းလန်းရေ အသံ
အကြင်နာ တောအုပ်
ပျော်ရွှင်ခြင်းရို့နန့် လှုပ်ခပ်စီရေ
သူစကားသံအောက်

ငါ့ရင်ဝက လေးယှန်းတောင်မှာ
အချက်ပြမီးတိုက်
ဆောက်မိလိုက်ဗျလ်ထင်ရေ...

စောစစ်(ဒေ၀ီ)
၇.၈.၂၀၀

အိုအမိသျှင်



သတင်းတိမ်ဖျား ဘုံးဆင့်မြင့်အောက် အမိစံရိပ် ဓညခေတ်နှင့်
ခေတ်လေးဆက်က ရွှေထီးဆောင်းချိန် လူမဖြစ်တေ ငါ ရခိုင်သူ ..
အမိအပါး ကဗျာရတု သာခြင်းတေးဖွဲ စာလောက်ဆောင်ကို
သီကုံးဖွဲ့လို ဆက်သရေသူ ငါမဖြစ်ခ…

တိမ်ညိုဖုံးလို့ လရောင်ကွယ်ပျောက် ရာဟုမျိုကေ အမိငိုသံ မြီု့ရှေ့မြို့နောက်
ရင်စည်ကိုတီး လည်စင်းခံချိန် ဓါးရင်းကိုကိုင် အမိရှေ့က မားမားမတ်မတ် ငါမရှိခ…
ဂုဏ်သိမ်ညိုးနွမ်း မျက်နှာမွဲမ အမိပါးမှာ အမှူးအကျွေး ခြီဆုပ်လက်နှယ်
ဦးခေါင်းကချွေး ခြီမကျအောင် ငါမဆောင်ခ…

သမိုင်းဆိုရေ ကျောက်ဖြစ်ရုပ်ကြွင်း စာမျက်နှာထက် ကျွန်မအဖြစ်
အမိဘ၀ ဆံဖြူဖားလား ရုပ်အိုကြွင်းက
မာန်ကုန်ယွင်းလို လှဲပြိုကျချိန် အမိအပါး ငါမရှိခ..

ဖေးကူအမှီ ကျောက်တိုင်းအဖြစ် အစိုင်းစစ်ကို
တည့်ကူမတ်သူ အမွီဆက်ဖို့ ငါရခိုင်ဟု တော်လှန်ရဲသူ ငါမဖြစ်ခ..


သမုဒ္ဒရာ ၀မ်းတစ်ထွာအောက် လက်ပစ်ကူလို့
ကျွန်စာ(ဟုခေါ်လေသော) တတ်ပြီး ငါဖြစ်လာရေ ဤရခိုင်သူ..
အမိရုပ်ကြွင်း အုတ်ဂူဟောင်းတောင် မရောက်ဖူးသူ…

အိမ်ပြိုအောက်က အနှင်းဖတ်ခံ သမီးမွဲမှာ ပညာယုတ်လတ်
နန်းသစ်မြန်းကို အမိအတွက် အိမ်မက်နန့်ပင် အစွမ်းပြလို မဆောက်နိုင်ခ..


ဒေသမီးချေ ဘုမေကြီးလေ အမိဝတ်ဖို့ ကြိုးကြီးချိတ်ကို ပြင်လိုထားမယ်
အမိစားဖို့ ဖွယ်ရာမျိုးစုံ ချက်လို့ထားမယ်..အမိအတွက် နန်းရင်ပြင်မှာ
ပန်းစုံပန်းလှ ပန်းဥယာဉ်ကို ကိုယ်တိုင်ထိုးလို့ထားပါမယ်…

အိုအမိသျှင် အချိန်နှောင်းမှာ လူဖြစ်လာရေ ဒေအမိုက်မ ရခိုင်သူက
ကျောက်ပုံကြားမှာ အမိကိုတ ၊ မြစ်ဖျားချေမှာ အမိကိုတ
အမိပြန်လာ လွမ်းစားဖွဲလို့ ငိုခြင်းစီးဗျလ် ငိုးခြင်းရီးကေ
အမိဝိညာဉ် နန်းရာဒေါင့်က လိပ်ပြာပြန်ကပ် ကုန်းရုန်းထဗျလ် အမိအသက်
သွီးကြောတိုင်းက ဗလောင်ဆူခတ် နလုံးခုန်ကေ အမိ ပြန်ထနိုင်ပါစီ…



စောစစ်(ဒေ၀ီ)
၂၉.၇.၂၀၀၉။

မိန်းမသဘော မိန်းမကျင့်ဝတ်

အေလူငမိုက် ဇာအားကိုးနဲ့ အမျိုးသမီးထုကိုမှ ဇော်ကားစွာလေးဂု ငါစိတ်နဲ့မာန်း နဂါးမီးမျက်စောင့်ထိုးပစ်လိုက်ကေ ပြာကျလားဖို့ဗျလ်ဒေ။ အေလူငမိုက် အတွေးတိမ်လို ဇောက်မနက်စွာ ငါရို့ကခွင့်မလွတ် အပြစ်ရာပေးလိုက်ကေ အမိကိုတ မယားမရလို့ ဒူးနဲ့မျက်ရည် သုတ်ရရေဆိုကေ ကြားလို့မှမကောင်း ကိုယ်အမျိုးရာ ပျောက်လီရဖို့ ။

စိတ်လျော့လိုက် စောစစ် ဂရုဏာတရား လက်ကိုင်းထားဗျလ် လောကကို ဖန်ဆင်း ငါ့ရို့မိန်းမတိက စံဂိုးလောက်မှ ဇောက်မနက်တေ ဖျားယောင်းသွေးဆောင်မှု ချေလောက်ကို ထည့်စဉ်းစားကတ်ရဖို့လား ငါရို့အစွမ်း လူပုံမှာမပြဘဲ မျက်လွာချဗျလ် ရာဇာမာန် မယွင်း ပြုံးနိုင်စွာက အောင်နိုင်ခြင်းရာမနား။

ဗလအားကိုး ဓါးကိုဆွဲ ငါနဲကိုင်းဆဲတတ်တေ လူတန်းစာကို မိန်းမသားထုက စစ်ထွက်တိုက်စရာမလို မျက်ရည်တစ်စက်လောက် အကုန်ခံလိုက်ကေ ဒေလူငမိုက် အသက်ရူမှားဗျလ် အလွဲလွဲအချော်ချော် ဖြစ်လားကတ်လိမ့်မယ်။

အသံကုန်လူဟစ် လူစွာကျယ်နား ကတ် လားစရာမလို့ ပြုံးပြလက်ယပ် အလာတော်ဆင့်လိုက်စမ်း ဒီငမိုက်သား မိန်းမသားထု ရှေ့မှောက် အခစား ရောက်လိမ့်မယ်။ ခိုင်းချင်စွာကို အပြုံးနဲခိုင်း စကားတောင်မသုံးလီကေ ။

လိုချင် စွာကို တောင်း၊ တပြားတောင် မထွက်လီကေ။ ပြောချင်စွာကိုပြော အသံကို မစွာစီကေ။ အလိုတော်ပြည့် ကေ မဲဇာတောင် အနောက်ဘက် ကျားဆွဲဆွဲ လင်းတဆွဲဆွဲ ဆွဲချင်ရာဆွဲ တွယ်တာခြင်းကို ရပ်ဗျလ် ဝေးပနားသတ်ပလိုက်ကတ်။

မာယာမျိုးကိုးသိန်း မကျည်းပင် ကိုးပင် လိမ်းစွာထက် ရှုပ်တေ ဒေလူရှုပ်ရို့ အကြိုက် တစ်ခွန်းလောက်ပြောလိုက်ကေ အိုငမိုက်သား မိန်းမမာယာ သဲကိုးဖြာကို မေ့ပင်အောက်ဝင်ပိုင် မေ့လီကတ်လီမယ်။ ကျမ်းပေါင်းတစ်သောင်း ဆရာပေါင်းတစ်သိန်း လက်ထပ်ပြီးသင်ကေလည့် အာဂြုံဆောင်ကျမ်းစကား မိန်းမကိုမြင် ချစ်ချင်ရေစိတ် သူရို့တိ အားနည်းချက်ကို မသိချင်ယောင်ဆောင် အကြင်နာစကား နှုတ်ခမ်းထက်မှာ ပွင့်ပီးလိုက်ကေ ဧကန်အမှန် နိုင်သူက မိန်းမ ရှေ့တော်မှောက် ဒူးထောက် အသည်းကို ဆက်သံအသုံးတော် တည်နိုင်ရေအတွက် ငါရို့မိန်းမသားထု သည်းခံတော်မှုလိုက်မယ်။

အိုမိန်းမထု စိတ်မဆိုးလီကေ အိုမိန်းမထု လူငမိုက်နဲ ဖက်ရန်မဖြစ် ရွှေလမ်းငွေလမ်းဆက် သဘောထားကြီးကာ ဒေငမိုက်ကို အသုံးချရဖို့ ။ မိန်းမတို့ အိန္ဒြရယ် အဆက်တည့်စီဖို့  လက်ထပ်ပါမယ်ဆိုလာရေ တစ်ရက် အခါကိုစောင့်လို့ အငြိုးကို မပြယ်လားစီကေ။ နားအပူမခံနိုင်ရေ မောင်မင်း နားစားကွဲအောင် ကျင့်လီဖို့ မမေ့လီကေ။ စားရာစားတတ် မချက်တတ်တေ လူမိုက် စားဝင်အောင်မချက်လီကေ။ လူလုံးပေါ်အောင် လူကြားထဲမှာ ၀င်ဆံလီအောင် လူမွဲပြောင်းအောင် မဆောင်ပီးလီကေ။ အိမ်သူမစကား ပြားပြာကျအောင် အချိုသွေးဖို့လည်း မမေ့လီကေ။ ယောင်္ကျားအမျိုး ကျွန်ဝယ်မှတ်လို အမြဲခိုင်းစီ ကိုယ်မျိုးကိုယ်ဆွေ ဆယ်ဖြာမိုးလို့ လိုသည်မရှိ သဘောဆောင်စီ ကျင့်ကြံပါလီ ဤသည်မိန်းမ သဘောတည်း ။

ထိုထိုအဖြာ သိပါသော်အံ မိန်းမသဘော သင်လူမိုက်အား ဖွင့်ချဝန်ခံ ရေးပြပါလည်း နားကမလည်း ဘုလည်းမသိ ဘလည်းမသိ အားဂြုံဟစ်လို မိန်းမမကောင်း သင်ရေးကောင်းသည် သနားမိ၏။

မိန်းမအထု သနားကြင်နာ မေတ္တာတော်ထား ထိုလူသားကို အပြစ်မယူ လီကေဝေ .ဤကားစောစစ်မှာတမ်းတည်း။


မှတ်ချက် ။ ။ချေပစားမျိုးရီးသားခြင်းရာဖြစ်ပါသည်။ သဘောာကောင်းသော မိန်းမထုတို၌ ရန်လိုခြင်း သဘောလုံးလုံးမရှိကြောင်း တွေသမျှ မိန်းမများ(မိမိ၏ ရည်းစား ၊မိန်းမ ၊ အမေ ၊ အစ်မ အပါအ၀င် ) ကို မေးမြန်းကာ သက်သေယူနိုင်ပါသည်။

စောစစ်(ဒေ၀ီ)
၂၅.၇.၂၀၀၉

အိုမောင်လှ



ငါက ရခိုင် အစိုင်းကောင်းဟု
ငါက ကြွေးကြော် လူဇော်ဟစ်လို့
ရင်ကိုကြွဗျလ် လူရှေ့ထွက်ပြ
ငါ့မောင်လှ…
နင်က ရခိုင် အစိုင်းယုတ်လို
ငါကစွတ်ယိုး လူမိုက်ဖော်ရေ
မာန်ဟန်ထည့်ဗျလ် ဖော်ကောင်းလုပ်ပြ
ငါ့မောင်လှ…
သူကိုလက်ညိုး တစ်ချောင်းထိုးကေ
အမိဝမ်းခေါင်း အရီဆာအောင်
လက်ညိုးလေးသောင်း ကိုယ့်ဘားပြန်ထိုး
မောင်လူမိုက်ကို ပါးဇီကိုက်ပြ
ငါ့မောင်လှ မှာ အရိပ်မမြင် အဆံမပါ ကျီးအာသီးကာ …


``ရခိုင်ဆိုကေ ရခိုင်ပြန်ကြောက်
အချင်းချင်းရှောင် ရောမ၀င်ဘဲ
နေရလီရေ ဇာကြောင်းလည်းဝေ…´´
`` ရခိုင်စုကေ ခိုက်ရန်များလို့
ရခိုင်ကရှောင် ဖက်မလုပ်ဘဲ
ပစ်ထားရရေ ဇာကြောင့်လည်းဝေ..´´
`` ရခိုင်ရွာကို ရခိုင်မပျော်
ဝီးရာပြောင်းလို့
အခြင်းရွာကို စွန့်လီကတ်တေ ဇာကြောင့်လည်းဝေ …´´

ရခိုင်သားကို ရခိုင်သူကြောက်လို့
ယုံတမ်းစကား လီမှာအိမ်ဆောက်
အပြောများကို
ဝမ်းမှာကြိတ်ရယ် မယူဝံ့လို့
အမျိုးပျက်တေ ငါ့မောင်လှချေ…´´

``အဘာမောင်လှ အပျက်ပျက်က
နားခေါင်းသွီးထွက်
အမိုက်စုကေ ပြည်ပျက်တေလတ် … ´´

``အမင်မောင်လှ သန္ဓေလှကို
သွန်သင်မရ ရွာကပစ်လို့
ပြည်ချစ်ဖြစ်စွာ အရေးမဟုတ်

``ရခိုင်ဆိုစွာ
ပြည်ကအပျက် နန်းရာအပျက်
ဘုရားအပျက်
ကျောင်းကန်အပျက်
အစိုင်းလာပျက်ကို မရှက်တတ်ဘဲ ကြွားလုံးထုတ်တေ
ငါ့မောင်လှမှာ
လူပျက်စရင်းပါ မတိုးစီကေ့ ဝေ…´´



စောစစ်(ဒေ၀ီ)
၁၂.ရ.၂၀၀၉

လွမ်းပါယင့်လည်း အလွမ်းညက မကုန်နိင်

ဘုံယံဖျား ကြယ်သီပါလို့
ဆည်သံသာသာ ညယံအခါ
မဖြေသာ စိတ်တော်ငယ် နွမ်း
မြတ်ဘုရားဆောင်တော်လှမ်း
ပန်း ရီချမ်း ဆီမီး ပူဇော်ပါလည်း
မပြေရေ အလွမ်း
မငြိမ်းရေ ရင်ခွင်
မြတ်ဘုရားရှေ့မှောက်
လက်ဆယ်ဖြာ ထိပ်မှာတင်၍
ခိုကိုးရားမယ့် တောင်းဆုတော် ပြုမိရေ...


ဖဲမွေ့ရာ ညောင်စောင်း
သလွှန်က မာတောင့်နီလိုရာ
တောင်တစ်ဖက် မြောက်တစ်လှည်း
သက်ပြင်းက အကြိမ်တစ်ရာ လှူးလို့ရာ
အိပ်မပျှော် ရင်မှာ အလွမ်းပို စွာထင်..


သည်းခြေပင်ထိတ် ညယံဝယ် ဆိတ်ပါလို့
တစ်ကိုယ်တော် အလွမ်းအိုင်းဖွဲ့
ရတုတော်ဖွဲ့ပါလည်း စိတ်တော်မရွှင်
ကိုယ်ပုဝါ မျက်ရည်တော် စိုရွဲ့လို့
မကြင်သူ စိမ်းလေသူကိုမှ
လွမ်းစိတ်တော်ပို လို့
အာရုံကို မျော်…

``မျက်နှာတော် သစ် ၀တ်ရုံတော်လှဲမယ်
ထမ်းစင်ကို ပြင်ကြစမ်း´´
ငါထိပ်ထား စောစစ်
မျောက်သားတော်ဆီ အခစား ၀င်မယ်။

မျှော်ပါယင့်လည်း မောင်တော်ကမလား

အိုဘယ်သာစွ
တောင်စွယ်ကြားမှာ
တိမ်ယံတိမ်တောက် ရောင်ခြယ်ဖြာသော်
ချစ်သူသက်လျှာ ဆောင်တော်ကူးချိန်မို့

စုံဖွယ်ချက်ပြုတ် ခင်းကျင်းပြင်ဆင်
ခန်းဝယ်ပန်းခင်း သင်းရနံကြိုင်လို
ထိန်ထိန်သာ မီးတိုင်းအောက် လိုသည်မယ်မရှိရ
စီမံကာ ဖြည်လို့ ၊ တစ်ဆောင်လုံး ဗျာများ
အကြိုတောက်ပို စောင့်လိုကြိုစီရေ..

လာသူလမ်း အညောင်းဖြေ စိတ်တော်ပြယ်လန်းစီးဖို့
မီးကျောင်းစောင်းလက်သံ
ခမ်းဝယ်ယံ ညံဟိန်းလို့
သံသာတေး ဆက် ပန်းကော်ဇောနီဖြင့်
ီရီတော်ဆက် ကပ်စီရေ


အိုနမ ငါကိုယ်တိုင်
စွမ်းသလောက် ဖီးလိမ်းလို့
မြပါဝါအစိမ်းရောင် စိန်မှုန်ရော လှပါယင့်လားချင့်

ပန်းရင့်ရောင် အချိတ်ထက်
ရွှေခြေထိုး လွန်းရာချိတ်က ပိုလှနှီဖို့လား
ယဉ်စစ ပုလဲကွန့် နံသာသွေး အဆင်ပေါ် ပိုးပုဝါ ထပ်ကာဆင့်
သောကများ ဗျာပါ မမောနိုင် မပမ်းနိုင်
ပန်းနံသာ မိတ်ကပ်ကူလို့
ပါးသီြးနီၤနီၤ ဗိုလ်းပြည်ဖြစ် သုံးလို့ရာ
လှစီအောင်းမရှက်အား
တွေးရုံနှင့်မပြီး စမ်းဝတ်ရ ချွတ်ရလိုက်နဲ့ 
အချစ်တော် ပိုခလီပါရေ..


အိုဘယ်မောင်တော် ဇာကိုရောက် ဇာကိုပေါက်လို့
ခရီးတော် ကြံကြာနီပါလေ
စည်သံတောင် ကြားရဗျလ်
စားဖို့ဆောင် မီးလည်းတိတ် အဆောင်တောင် ပိတ်ဗျလ်
အီးနီရေ ထမင်းဝိုင်း ညိုးနီရေ ပန်းကြားမှာ
မလှုပ်ဝံ့ သစ်လွင်ရေ ၀တ်ရုံဖြင့်
အရှက်ရစီအောင် အထိန်းတော် မိတ်သံ ကြားမှာ
မဖော်သာ ငိုမယ့်မျက်နှာ ၀ှက်လို့ အသည်းမှာ လွမ်းနာကျ
စိမ်းရက်သူကို အမှန်းတော်မ၀င်ဝံ့ဘဲ
အိပ်ဆောင်တော်ကို ကူးရရေ

ချစ်စကားဆိုမည့် နှုတ်ခမ်း နီသွေးတဲ့ နှစ်လွှာက`` အရီးမိုးဒါဖြူ ထမင်းဝိုင်းသိမ်းလိုက် ´´
မျက်နှာတော့လွှဲ မကုန်ရေစိတ်နဲ အီးစက်ရေ ထမင်းဝိုင်း လားနိုးနဲ မျှော်သူအပြစ်
စည်ဗဟို သုံးချက်အထိုး ရင်ထဲက စကား အေနီလည်း မောင်တော်မလား …

အတွေးဖျက်သော စိတ်ကူးရိုင်းများ (ကုလားထက် ရခိုင်နီမ့်ကျနှီဗျလ်လား)

ဒေစိတ်ကူးကို ကူးမိရေ တွေးမိရေ ဆိုကေ ကိုယ်ဖာသာ ကိုယ်ပြန်ကြောက်မိစီပါရေ။ ကူးမိရေ စိတ်ကူးကလည်းး အေအမ်ပီမှာ ဖတ်နီရရေ ရိုဟင်ဂျာဆိုရေ နာမည်အသစ်နဲ ကိုယ်ပြည်ထဲက လူမျိုးတစ်စုအကြောင်း ဒေလူမျိုး ကိုယ်ပြည်ထဲ ဇာအချိန်ကပင် အခြေချနှီလာစွာလည်း ကိုယ်ကမသိ။ အသားမဲမဲ မျက်နှာမှာမုတ်ဆိတ်နဲ ပုံစံကို မြင်ကေ သတ်ချင်စရာကောင်းရေ အသွင်၊ ဘာသာမတူ အသွင်မတူ စရိုက်မတူ လူမျိုးတစ်စု ကိုယ်ပြည်မှာ လာအမြစ်တွယ်နီစွာကို ကိုယ်ဘိုးဘွားလက်ထက်က စလို့ အစဉ်အဆက်မုန်းတီးခကပ်ပါရေ။ ရခိုင်မှန်ကေ မွှီးရာပါ ကုလားကို မုန်းရေ သွီးက ရှိနီပြီးသား ။ ဇာဖြစ်လို မုန်းလည်းဆိုစွာ တစ်ယောက်ကလည်း မေးခွန်းမထုပ်ဘဲနဲ မုန်းကတ်စွာပါ။ ကုလားဆိုကေ အိမ်မှာခိုင်းဖို့ ခြံခပ်ဖို့ ၊ ငါးဖမ်းဖို့၊ ဟင်းစိုက်ဖို့၊ အမှစ်ပစ်ဖို့ ၊ အိမ်ခေါင်မိုးဖို့ ၊ အ၀တ်လျှော်ဖို့ စသည်ဖြင့် ကိုယ်လိုရေ အောက်ခြေသိမ်း အလုပ်ကြမ်းတီကို ခိုင်းစရာ ပေါ်လာကေ ကုလားကို ခိုင်းဖို့ သတိရကပ်ပါရေ။ ယင်းကို ပြန်သုံးသပ်ကပ်ကေ ကုလားဆိုစွာ ကိုယ်ရို့ထက် နိမ့်ကျရေလို ဆိုလိုရေ သဘောကို သက်ရောက်ပါရေ။ အများအားများ ကိုယ်ရို့ ပီးစာကမ်းစာကို ရာ သူရို့လက်ခံနီကပ်လို ကုလားဆိုစစွာကို စရင်းသွင်းပြီး စကားမပြောကေလည်း ရခိုင်ပြည်မှာ ကုလားစိုးမိုးလာစွာကတော့အမှန်ပါ။ ယင်းအတွက်နဲ ရခိုင်လူမျိုးက ကုလားကို မုန်းပါရေ ။ စဉ်းစားစရာ တစ်ချက်ပေါ်လာပါထော့ မန်အောင်ကျွန်းပိုင်း ကုလားကို လုံးဝ လုံးဝဘူးခံပြီးကေ အယင်ခါကပင် လက်မခံခဖို့ ဆိုကေ အေပြသာနာ ဖြစ်လာစရာ မရှိထင်ပါရေ ။ ခိုင်းကောင်းတိုင်း ခိုင်းလာ အားကိုးလာ လိုရာ နေရာယူလာစွာပါကို ။ အခုအချိန်မှာတော့ လူဦးရေ များလာလို့ ရောင့်တက်လာပါနန်းရာ ။ ကိုယ်မလုပ်ချင်ကေ ကုလားခေါ်ခိုင်းလိုက် ဆိုကေ အလုပ်ပြီးပါရေ။ ရခိုင်သားတီ ပျင်းစွာက ဒေပြသာနာ စရေလို မစွပ်စွဲဝံ့ပါ ။ အေကေလည့် ကောင်းကောင်းပေါ့ရေလို့တော့ စွပ်စွဲဝံပါရေ။ မောင်တောဖက်ကို ရခိုင်သမ တစ်ယောက်တည်းတောင် မလားဝံပါဗျလ် ကုလားပေါလွန်းအားကြီးလိုပါရေ။

ဒေပြသာကို ကြည့်ပြီး နောက်အတွေးတစ်ခု ၀င်လာပါရေ။ ခေတ်ဆိုစွာက ပြောင်းလဲစီးဆင်းနီပါရေ။ လူတီဆိုစွာလည်း ခရီးလားလို နီကတ်ပါရေ ။ ကိုယ်ပြည် ကိုယ်ရွှာမှာ မနီဘဲ တစ်ခြားမြို့ တစ်ခြားရွှာ တီမှာ ကြီးပြင်း အသက်ရှင်ကတ်ရပါရေ။ စာတစ်ပုဒ်မှာ ဖတ်ဖူးစွာက ၂ပတ်မှာ တစ်ခါ လူမျိုးစု တစ်မျိုး ပျောက်ကွယ်နီရေ လို့ ဖတ်ဖူးပါရေ။ ယင်းပိုင်ဗျလ် နောက်လူမျိုးစု အသစ်တီလည်း အဆက်မပြတ် ပေါ်ပေါက်လာနီရေလို ဖတ်ဖူးပါရေ။ တိုင်းပြည်အဟောင်းတီစွာလည်း ပျောက်သုန်းနီရေ ပိုင် တိုင်းပြည်အသစ်တီလည်း ပေါ်ပေါ်လို လာပါရေလတ် ။ ချမ်းသာရေ တိုင်းပြည်တီ ဆင်းရဲလားပိုင်း ၊ ဆင်းရဲတိုင်းပြည်တီလည်း ချမ်းသာလို့ လာစွာကို မြင်နီရစွာပါရာ ။ လူဆိုရေ အမျိုးက ဒေတိုင်းပြည်မကောင်းကေ တခြားတိုင်းပြည်ကို ပြောင်းပြီးကေ နီထိုင်းတတ်ပါရေ ။ ရေကြည်ရာ မြနှရာကို ရှာပြီးကေ ပြောင်းရွှဲလားတတ်ပါရေ။ ကိုယ်ပြည်ကို စွန့်ပြီးကေ သူများတိုင်းပြည်ကို ခိုဝင်ကတ်ပါရေ။ မချစ်လိုကမဟုတ်ပါ အခြေနေအကြောင်းကြောင်းပါရာ ။ အမှန်တရားတစ်ခုလို သမိုင်းအမြင်နဲ စကားကြီးကြီးကို သုံးလိုက်ပါယင့်။

မသိလိုက်တေ အချိန် အမှတ်မထားမိလိုက်တေ အတွင်းမှာ မြန်မာလူမျိုး စင်ကာပူမှာ အတည်တကျ သိန်းချီပြီးကေ ရောက်နီပါရေ ။ တစ်ခါတည်းနဲ ပြောင်းလားကတ်စွာတော့မဟုတ်ပါ။ တိုင်ပင်ပြီးကေလည်း လားခကတ်စွာမဟုတ်ပါ။ ထိုင်းမှာ သန်းပေါင်းများစွာ ရောက်နီပါရေ(ရွှေပြောင်းမြန်မာ)လိုတောင် အမည်တပ်ခံရပါရေ။ ဘင်္ဂလားမှာ ရခိုင်လူမျိုး အလံတင်ပွဲတောင် ကျင်းပနီပါရေ ။ တစ်ခြား ဥရောပ နိုင်ငံတီမှာ ပြန့်ပြီးကေ လားနီကတ်တေမြန်မာနိုင်ငံသားတီပိုင်း ကိုယ်ပြည်နယ်ထဲကို လည်း တရုတ် ၊ ကုလား တိရောက်လို့ နီပါရေ။ ထိုင်းမှာ ဖြစ်ရေ ပြသာနာကို မြန်မာအစိုးရက လုံးဝဖြေရှင်းမပြီးပါ ။ စင်ကာပူမှာ ဖြစ်နီပါရေ ။ မလေးရှားမှာ မြန်မာ (ရခိုင်အပါအ၀င်) အများကြီး ဒုကရောက်နီကတ်ပါရေ။ မြန်မာအစိုးရက လုံးဝဖြေရှင်းမပီးပါ ။ ကိုယ်တိုင်ပြည်မှာ ဖြစ်နီစွာ မဟုတ်လို့ သူရို့သဘောနဲ သူရို့လားခစွာ သူရို့ခံဆိုပြီး မျက်နှာလွဲ ထားပါရေ။ ယင်းပိုင် အေကုလားတိလည်း ကိုယ်တိုင်းပြည်ကိုတောင် ပြန်လိုမရရေ အဖြစ်ကို ကြုံရရေလို မျှတစွာ တွေးမိပါရေ ။ သနားဖို့ ပြောပြစွာ မဟုတ်ပါ။

“““ အခုအချိန်မှာ ထိုင်းနိုင်ငံထဲက မြန်မာလူတီကို ထိုင်းအစိုးရက အပြီးနှင်ထုတ်လိုက်ကေ… စင်ကာပူရောက် မြန်မာများက ကိုယ်ပိုင်နီရာ တောင်းလို့ စင်ကာပူအစိုးရက အကြမ်းပတမ်းဆက်ဆံ ညုင်းဆဲ ကေ… ဘင်္ဂလားပြည်က ရခိုင်ဆိုကေသတ် လို ထအော်လာကေ… အသူမှာ အပြစ်ရှိရေလို့ ဆိုရပါဖို့လည်း..ဖြစ်ရိုးဖြစ်စဉ်ပါရာ.. မဖြစ်ပါစီကေလို့ရာ ဆုတောင်းနိုင်ပါရေ..“““

ဒေရိုဟင်ဂျာ ပြသာနာမှာ လမ်းတစ်ခု ၊အမြင်တစ်ခုအနေနဲ ပြောကေ အနိမ်ခံလူတန်းစားကို အနီခံအတိုင်းထားနိုင်ဖို့ ကိုယ်ရို့မြင့်နီဖို့ရာ လိုရေထင်ပါရေ။ စင်ကာပူမြင့်နီလို့ မြန်မာတိခေါင်းမဖော် ၀င့်စွာပါရာ။ ထိုင်းနိုင်ငံ စီးပွားရေး သာနီလို့ မြန်မာတီ အလုပ်ကြမ်းသမား ဖြစ်နီရစွာ ပါရာ။ မလေးနိင်ငံ အခြေတကျ ဖြစ်နီလို့ မြန်မာတီကို ရောင်းစားဝံစွာပါရာ ။ ယင်းအတွက်နဲ ကိုယ်ရို့မြင်နီကေ အောက်ခြေလူတန်းစားဆိုစွာ တစ်ခြားနိုင်ငံက ၀င်ပြီးလာလုပ်ကတ်ပါ လိမ့်မယ်။ အယင်က ကိုယ်ရို့မြင်ခပါလေ ။ယင်းအတွက်နဲ ကုလားတိ မြန်မာနိင်ငံကို ရောက်လာပါရေ ရခိုင်ပြည်မှာ အတည်တကျနီပါရေ။

အခု ကုလားထက် ရခိုင် နိမ့်ကျနီဗျလ်လာလို့ ပြန်ကြည့်ရဖို့ အချိန်ကို ရောက်လာပါရေလို့ တွေးမိပါရေ..

အတွေးသက်သက်ပါ။
9.5.2009 (4:45 am)
Away from home …

အစိမ်းရောင်အိမ်မက်

ငါက အနှုတ်မြစ်တစ်စင်းထဲ စီးမျောနီရေ အရောင်မရှိ အဆင်းမပေါ်ရေ ကောက်စရီတစ်ပွင့်ရာ ၊ အရည်အချင်းကဗလာ ညံဖျင်းခြင်းသရဖူကိုဆောင်းဗျလ် အခြေအမြစ် မရှိမျောချင်တိုင်း မျောနီရေ ပန်းတစ်ပွင့်ရာ ။ ငါ့ဇာတိက ဟိုဂနိုင်းချောင်းဖျားက။ ငါ့အမျိုးနွယ်လား လူမသိရေ ရပ်ကွက်ထဲက ဆင်းရဲ့ခံ လူတန်းစားအုပ်စုလေ။ ငါလား ပျင်းမျိုးကိုးဆယ်ကို ပိုင်ပိုင်နိုင်နိုင်ပျင်းတတ်တေ မဲခြောက်ခြောက် ပန်းတစ်ပွင့်ပါ။ တစ်ရက်မှာတော့ ကောက်ကရီပန်းချေ အညောင့်ထွက်စ ရီပြင်က လွတ်တေဆိုကေ အောက်ခြေလွတ်တေ အစိမ်းရောင် အိမ်မက်ကို မက်ခဖူးရေ။

ဒေအိမ်မက်ကို လွန်းခရေ နှစ်ပေါင်း ဆယ်နှစ်ကျော်က မိုးလင်းစ နီထွက်စမှာ မျက်နှာသစ်ပြီးမှ မက်ခရေ။ အိမ်နီယင့်နဲ မက်ခစွာမဟုတ် ဘဲ အိမ်ရှေ့ခြံဝင်းပြင်ဘက်မှာ မက်ခဖူးစွာ။ တွေးနီယင်းနဲ မက်ခစွာမဟုတ် ပန်းကောက်နီယင့်နဲ မက်ခဖူးစွာ။ ကောက်စရီပွင့်ချေ ဘုရားတင်ဖို့ မိုးလင်းစ ဖဖွဲလူးနီရေ ရိုးလှသန္တာပန်းတိကို ကောက်နီယင့် နှပျိုနီရေ ရင်ဘတ်အသည်းစိုင်းထဲ လန်းဆန်းနီရေ အာရုံဦးမှာ စိုစွတ်နီရေ ဆောင်းမှုန်နှင်းချေတိနဲအတူ စိမ်းလန်းတောက်ပနီရေ အိမ်မက်တစ်ခုကို အမြစ်တွယ်အောင် မက်ဖူးခရေ။
အိမ်မက်ထဲမှာ ကောက်စရီပွင့်ချေတစ်ပွင့် တိမ်တိုက်ဖျားမှာ ခြီတွဲလွဲချပြီး သာခြင်းဆိုဖို့ တာဝတိသာကို ရောက်လားခရေ ။ ယင့်အချိန်ကပင် ပြန်ကို မကျလီဗျလ်။

အမျိုးမမြင့်လို့ ဂုဏ်မတင့်နိုင်ရေ ပန်းတစ်ပွင့်က အိမ်ဦးခန်းက ဘုရားပန်းအိုးထဲမှာ လန်းဆန်းနီချင်ရေ ။ အလှပန်းအိုးထဲက ကျက်သရေ ပြည့်နီရေ ပန်းတစ်ပွင့်ဖြစ်ချင်ရေလတ်။ ဟန်တစ်လုံး ပန်တစ်လုံးနဲ အလှဆင့် ရနံတင့်ရေ ပဒုံမာပန်းပိုင် လပြည့်ည လရောင့်အောက်မှာ လရောင်သောက်ရေ ပန်းဝတ်လွာချေပိုင် သူ့ကိုယ်သူ သွီးကြီးဘ၀င်ခိုက်ချင်နီရေလေ။ ကိုယ်ဘ၀ကို ကိုယ်တိုင် အလိုမရှိရေ ပန်းတစ်ပွင့်ဖြစ်ရစွာကို ကျေနပ်ခြင်းမရှိလီကေ ပန်းချေတစ်ပွင့် အိမ်မက်ဆိုရေ လွတ်လပ်ခြင်း ကမ္ဘာကြီးကိုငှားဗျလ် အိမ်မက် တစ်ခုဆက်တိုက် မက်နီခစွာ အခုတိတိုင် မက်နီသိမ်ရေ။

အစိမ်းရောင်ဆိုစွာက အရောင်သင်္ကေတသဘော ရှင်သန်ခြင်းကို ဆောင်ရေ။ ကောက်စရီပွင့်ချေ မက်တေ အိမ်မက်ကလည်း အစိမ်းရောင် အိမ်မက် ။ ရှင်သန်းမြဲ ရှင်သန်နီရေ ကောက်စရီ ရင်ဘတ်ထဲက ယုံကြည့်ချက်တိ တစ်ရက်ထက် တစ်ရက် ၊ တစ်ညထက်တစ်ည တစ်နှစ်ထက် တစ်နှစ် ပိုပြီးကေ ခိုင်မာလာခရေ ။ အောက်တန်းစား ပန်းတစ်ပွင့် အိမ်မက်ကို ပတ်ဝန်းကျင် တစ်ခုလုံးက လှောင်ရီကတ်တေ။ မကြားတစ်ကြား လှောင်ပြောင်းကတ်တေ။ ကဲ့ရဲ့အပြစ်တောင် ပြောကတ်သိမ့်ရေ။ အော် … လောက လောက အဖြစ်ဆိုရေ စကားတစ်ခွန်းကို တစ်သက်လုံး အဆောင်လုပ်ပြီး ကိုးကိုယ်ယုံကြည်နီကတ်ဖို့လားလို မေးလိုက်ချင်ရေ။ သူရို့ယုံတိုင်း ငါကိုလည် ယုံရဖို့ အားဒမ ခိုင်စွာက မလွန်လားချင့် ကိုယ်လိုချင်ပိုင် ကိုယ်တွေးစွာကို လွတ်လွပ်ခွင့် မရရေ အေအသိုင်းအ၀န်းကို ဆန်ကျင့်လို အကျင်ခံရစွာကို ၀မ်းနည်း စရာလားယေ။ ငါသက်သေပြချင်စွာက ကောက်စရီဆိုစွာ အမြဲတမ်း ချောင်းဖျားမှာ အမှိုက်ပုံကြား ကန်ပျက် မြစ်ကမ်းနားမှာရာ ရှင်ရဖို့ ပုံသေသတ်မှတ်ထားစွာရာလား။ ပြောင်းလှဲသစ်လွင် တောက်ပြောင်နီကတ်တေလူတီ နှစ်ပေါင်းများစွာ ယုံကြည်လာကတ်တေ နိယာမတိ မမှန်မကန်ကြောင်း သက်သေ ပြနိုင်ကတ်ပိုင် ငါမှာ သက်သေပြခွင့်တောင်မရှိလားရေ။ ဇာဖြစ်လေ ရေကန်အစစ်မဟုတ်ဘဲ လူတူးရေ ရီကန်ထဲမှာ ပေါက်တေ ပန်းအလှချေတစ်ပွင့် ဖြစ်ခွင့်မရှိလား။ ဒေအိမ်မက်က အစိမ်းရောင် သစ်တစ်ပင်ဖြစ် ငါရင်ဘတ်မှာ အမြစ်တွယ်ဗျလ် ရှိနီစွာ ကြာခဗျလ်။ မဖြစ်နိုင်စွာကို အိမ်မက်လုပ်ပြီး စိတ်ကူးယဉ်နီရေလို ပြောနီကတ်တေ ယင်းမဖြစ်နိုင်စွာကိုမှ ငါအိမ်မက်မက်ပြီး ခရီးဆက်ချင်သိမ့်ရေ။

ကောက်စရီပိုင်း ငါက သူဆင်းရဲမတစ်ယောက် နှပ်မမှန်ရေ မိသားစုနဲ့ စီပွားရေးကို အားကိုး မတောက်မခေါက်ပညာရေးကို အမွှေဆက်ခံရရေ သမီးတစ်ယေက် အတွက် ဒေလောကက ငါကို ပေးစွာ ရင့်ရဲတတ်ခြင်းတစ်ခုတည်းလား ၊ အားနားတတ်မှုဆိုစွာရာလား ၊ ချွေတာစုဆောင်း ငတ်မွတ်ခြင်းတိရာလား။

လူဖြစ်လာခရေ ငါ့အတွက် တန်းတူဆိုရေ စကားတစ်လုံးကို ငါကိုယ်ငါ့အားနဲ့ လှဲယူနိုင်ဖို့ ငါ့အိမ်မက် အခု ငါ့ မက်နီရေဆိုကေ ငါ့ရင်ဘတ်ထဲက အိမ်မက်သစ်ပင်က စိမ်းလွင်တောက်ပလို အသီးအပွင့်ပွင့် အီတွဲကျနီဗျလ်။ တစ်နီတစ်ရက် အချိန်ကို စောင့်ယင်း ငါ့ရင်ဘတ်မှာ အိမ်မက်တစ်ခု အမြစ်တွယ်တုံးရာ။

မျက်ရည်တွင်း

အနီမတတ်ရေ ငါနလုံးသားတစ်ခု
ပြန်ပြင်မရရေ အလွမ်းကြောမှာ
ဒေနီဒေရက် ဒေအချိန်ကို ကျော်ဖြတ်ရစွာက
အသူရာတွင်းထဲ လက်ပိုက်ဗျလ် ကူးစွာရာကာ

မင်းအသံကို ကြားချင်လို့ လွမ်းရေ
လွမ်းလို့ မင်းအသံကို ကြားချင်ရေ
မင်းအသံကို ကြားချင်လို့ အိမ်မက်မက်တယ်
အိမ်မက်မက်ကေ ပိုလွမ်းရေ ...

ဆုံးဖို့သိမ့်လား ငါကူးနီရေ ပင်လယ်က
အစလည်းမရှီ အဆုံးလည်း မရှီ
လွမ်းချင်တိုင်း လွမ်းနီလို့
မေခလာ လာဆယ်တောင် ငြင်းပြီး လွမ်းဖို့သိမ့်...

အလွမ်း ဆည် ဆောက်ကာ
ငါ့ရင်ဘတ်မှာ မျက်ရည်တွင်း တူး ဗျလ်
ဆုံးနိုင်ရေ နီ့ကို ရောက်ဖို့လေ . . . .

အခါရောက်လတ်ဗျလ်

ခြီရာမကျန်ရေ အတိတ်ကို ငါ့ရင်ဘတ်က ဆွဲထုတ် နှစ်ကူးမှာ ဆေးကြောဖို့ စိတ်ကူးကြည့်မိရေ ။ အဟောင်းနံ့ တစ်သောင်းသောင်းထနီရေ ရက်စွဲတိ ကမ္ဘာမကျေရေ အမုန်းတီးတစ်ချို့ ရှိနီရေ ဒေရင်ဘတ် ကို ထုတ်ဗျလ် အသစ်ပြန်ဖြစ်စီဖို့ ငါ ဆေးကြောချင်ရေ။

လိုင်းသံ ရီသံထက် သာယာရယ် လို့ ထင်ဖူးခရေ စကားသံ၊ သောင်ပြင်ကမ်နားပါးမှာ အလှည့်ကျ ပေါက်နီရေ အလှည့်ကျပေါက်ပင်တီပိုင် ကောက်ကရမင်းကျ ပြောတတ်တေ စကားလုံးတီ၊ ထင်တောင်မထင်ဝံရေ လုပ်ရပ်ထိ ငါ့ကိုယ် လုပ်ပင်လုပ်ဝံရေကာလို့ ပါးစပ်က မပြောချင်လောက်အောင် ယုံကြည်ဖူးခရေ ယုံကြည်ချက်တီကို ငါဇာပိုင် ဆေးလိုရဖို့ လည်း သင်္ကြန်ရေက နှစ်တစ်နှစ်ကို ဆေးကြော နိုင်ကေလည့် ငါ့ရင်ဘတ်ကို ဆေးနိုင်ဖို့လားလို့ ငါသံသယ တော့ ဖြစ်မိရေ။

တစ်ပွင့်ချင်း ကြွေကျနီရေ ပိတောက်ပန်းအကြွေတီပိုင်၊ တစ်မှုန့်ချင်း လေတိုက်ရာကို မျောပါနီရေ ကံကော်ဝတ်ဆံမှုန့်တီပိုင်၊ ခြောက်တောက်တောက် တစ်ပင်လုံး အနီရောင် တောက်နီရေ စိန်ပန်းပင်တီပိုင် မကြွေချင်ကေလည်း အချိန်တန်ကေ မိုးသံကြားကေ လီသံကြားကေ အနောက်လီတိုက်လာကေ ကြွေကျကတ်ရရေ ဒေပန်းပွင့် ချေတီပိုင် ၊ ငါကိုယ်မှာ တစ်ပင်လုံး ပွင့်နီရေ ချစ်ခြင်းတရား၊ မပြယ်နိုင်ရေ မေတ္တာတရား၊ မစွန့်နိုင်သိမ့်ရေ တွယ်တာမှုချေတီ အပြီးသတ်ဖို့ မိုးသံကြားရဗျလ်။ ငါ့ရင်ဘတ်ကို လာတိုက်လေ လီသံ အောက်မှာ နှစ်ဟောင်းက ပန်း ဇာပန်းပင် ဖြစ်ဖြစ် ကြွေချိန်တန်ဗျလ် ။

ငါ့ရင်ဘတ်မှာ အဂင့်ဂင့်ရာ အရောင်ပြောင်းပြီး ကျန်နီစွာက အမုန်းဆိုကေလည်း ဒေအမုန်းကို ငါ မစိုက်ချင်ဗျလ် ။ ရှင်နီရေ အမုန်းပင်ပျိုဆိုကေလည်း ဒေအမုန်းပင်ကို ငါထပ်ပြီး အ ညွန့်မတက်စီချင်ပါ။ အခြေခိုင်နီရေ သစ်တစ်ပင်ဆိုကေလည်း အသီးအခက် အပွင့်မပွင့် စီချင်ဗျလ် ။ အဆုံးသတ်လိုက်ချင်ဗျလ်။ ကမ္ဘာကြေ သင်ပုန်းချေပီးလိုက်မယ်။

အချစ်ဆိုစွာ ငါ့ဘ၀တွက် အိပ်မက်တစ်ခုဖြစ်ချင် ဖြစ်ခလိမ့်မယ် ။ အချစ်ဆိုစွာ ငါ့ဘ၀အတွက် အင်းအားတစ်ခုဖြစ်ချင်ဖြစ်ခဖူးလိမ့်မယ်။ အချစ်ဆိုစွာ ငါ့အတွက် ဇာပင်ဖြစ်ဖူးဖူး ငါ့ဘ၀အစိတ်အပိုင်းတစ်ခုတော့ မဟုတ်သိမ့် ။ ငါလှမ်းရေ ခြေလှမ်းတိုင်းကို အရိပ်အဖြစ်လိုက်နီ အဖြစ်ကို ငါမလိုချင်ဗျလ်ဒေ။ ရှိဖူးခရေ ထားဖူးခရေ သံယောဇဉ် ကို ဖြတ်ချင်တိုင်တော့ ဖြစ်လိုတော့မရ နိုင်ဆိုကေလည်း နှစ်ဟောင်းမှာ ထားခလိုက်ဗျလ်။ စည်းဆိုရေ စကားလုံးအောက်မှာ ငါ့ရင်ဘတ်ကို ဘောင်ခတ် နှစ်သစ်ခြေလှမ်းကို ရင်ဘတ်အသစ်နဲ စ အလှမ်းဖို့ မိုးဦးခေါ်စောင့် ရောက်လတ်တေ။

မှတ်ချက် ။ အ သည်းကွဲနေခြင်းမဟုတ် ရခိုင်လို ကြိုးစားပမ်းစား ရေးကြည့်နေခြင်းရာ ဖြစ်ပါသည်။

သမိုင်းဆက်အိမ်ပြန်ခရီး




ငါအမှောင်ကို တွန်းပဏာ အလင်းရှိရာကို ရုန်းထွက်ကြည့်နီရေ ။ အပြည့်ဖုံးနီရေ အမှောင်က ကကောင်းကောင်းကြီး ထူရေကာ ငါထိုးလိုကို မဖှောက်နိုင် ။ ငါ့အသက်ရူသံကို ငါပြန်ကြားဗျလ် ငါ့ကိုယ်ငါ ကြောက်စိတ်ပူးကပ်မိရေ အဖြစ်။ ဒေညမှာ ကိုယ်ကိုယ် ကို ပြန်ကြောက်မိရအောင် ငါ့အခန်းချေက တိတ်ဆိတ်နီရေ ။ ဖုန်းခေါ်သူမရှိ လာစားပြောရေ လူမရှိ ရယ်သံမရှိ စကားသံ မရှိစွာရာ မဟုတ် တခြားအသံတစ်ခုလည်း မရှိ ။ တိတ်ဆိတ်နီလိုက်စွာ အပ်ကျကေတောင် ငါ့အခန်းမှာ ပြန်ကြားရဖို့ထင်ရေ။ ဒေပိုင်အချိန်မျိုးမှာ တစ်ခုတော့ ၀န်ခံချင်ပါယင့် ငါ့ရင်ဘတ်မှာ အလွမ်းဆိုရေ မိုးကြိုးတစ်လက် အိပ်မပျော်အောင် ညတိုင်း ပစ်ခတ်တယ်။ ငါလည်း ခံယူချက်နဲ့ ခံစားချက်ကြားမှာ လူတစ်ကိုယ်လုံး ပျက်လက်မျောနီဗျလ် ။

နင်ဇာမှာလည်း နင်ဇာကိုရောက်နီလေ နင်ဇာတိလုပ်နီလေလို့ ငါမှာ မေးပိုင်ခွင့်က မရှိဗျလ်ကာ။ ငါ့က မေးလည်းမမေးချင်ဝေ ။ ငါမာနကိုတော့ ငါပိုင်ပါသိမ့်ရေ ။ ငါ့စိတ်ခံစားမှုကိုတော့ ငါထိန်းချုပ်ကြည့်ချင် ပါသိမ့်ရေ။ ငါဆိုရေ ငါကိုယ်ငါ့မှ မပိုင်ကေ ငါလူတစ်ယောက်ကို ပိုင်ဆိုင်နိုင်ဖို့ဆိုစွာ ဟုတ်ဖို့သိမ့်လားချင့် ။အရာအားလုံးက ငါကိုယ်တိုင်ဆုံးဖြတ်ချက် ထုတ်ပြန်ပီးခစွာတိရာ ။
ငါ့သမိုင်းအတွက် ငါက တရားသူကြီးဖြစ်တယ် ။

ငါဆုံးဖြတ်ချက်မှာ အမှားပါခကေ ယင်းအမှားက ငါ့ခံယူချက်ရာ ဖြစ်လီဖို့ ၊ ငါလုပ်ဆောင်ချက်တီက နင်နားမလည်နိုင်ရေ ပုစ္ဆာတစ်ပုဒ်ဆိုကေ ယင်းပုစ္ဆာက နင်နားမလည်းရေ ဘာသာတစ်ရပ်ရာ ဖြစ်လီဖို့ ၊ ဒေအမှားတီအတွက် ငါ့မှာတော့ တောင်းပန်းစကား တစ်ခွန်းလည်းမရှိ ၊ နားမလည်းနိုင်ရေ လူတစ်ယောက် ရှေ့မှာ စကားခွန်းပေါင်းသောင်းချီ လီကုန်ခံဗျလ် ငါမပြောချင်ဗျလ်ဝေ အချိန်ကုန်မခံချင်ဗျလ်ဝေ ။ နင်ပျော်ရေ အရပ်မှာ နင်ကျန်လိုက် ။ နင်ကျေနပ်နီရေ အရပ်မှာ နင်ဘ၀ကို နင်ဆက်ပြီး မျောကျန်လိုက်။ နင့်အယူဆနဲ နင်ခံယူချက်တီအတွက် ငါကတော့ ၀င်မစွပ်ချင်ပါ အေကေလည့် ငါ့ကိုတော့မထားပါကေ့ ။

ငါကိုယ်ငါ့ ဇာသူလေ၊ ငါဇာလုပ်သင့်လေဆိုစွာ သိလာရေတစ်နီ ငါအရပ် ငါဌာနကို ငါပြန်ရာဖို့နန်းရာ။ ငါ့ရင်ဘတ်မှာ ပြောချင်ရေ စကားတီ ၊ ငါ့မျက်လုံးမှာ တောင်ဆိုးနီရေ တောင်းဆိုချက်တီကို နင်မသိချင်ယောင်ဆောင်နီခရေ ။ ငါနားလည်းပါရေ နင်သိခကေ နင်နားလည်းခကေ နင်ဘ၀အညွန့် နင်သင်ကြားတတ်မြောက်ထားလီသမျှ နင်မိဘ ကုန်ခလီသမျှ နင့်မိဘ အ၀န်းအ၀ိုင်း မျှော်လင်ထားသမျှ သဲထဲ ရီသွန်ဖြစ်လားလီဖို့စွာကို နင်ကြောက်တယ်။ အေ ငါလည်း ငါ့ခံယူချက်ကိုမစွန့် ငါ့အမိအဖ ဆန္ဒ အတိုင်း ငါ့အရပ်ကို ငါပြန်ဖို့ဗျလ် ။ အရိုးဆွဲမြေဇာပုံထဲက စောင့်နီရေ အဖိုးအဘောင်းရို့ ငါရို့မိသားစု အိမ်အပြန်ကို ငါဖြည့်မှ သူရို့လည်း ကျွတ်ဖို့ ။ နင်ကျန်နီခ လည်း ငါခွင့်လွတ်တယ်။ ငါရို့နှစ်ယောက် နှစ်သဘောတူလမ်းခွဲ ခစွာရာ ။ ဒေအတွက် အပြစ် ဆိုရေ စကား ငါရို့ကြားမှာ မချန်ထားခ၊ ငါရို့နှစ်ယောက် သမိုင်းပီးတာဝန်အရ သားကောင်းသမီးကောင်း ပီသဖို့အတွက် ငါရို့ရင်ဘတ်က အချစ်ကို မပြောပလောက်တေ ခစားမှုချေ တစ်ခုလိုရာ မှတ်ထားလိုက်ဖိ ။

ငါ့ကရခိုင်လူမျိုး ဖြစ်တေ။ အေကေလည့် ငါ့မွှေးရပ်ကို ငါ့စွန့်ခစွာ ကကောင်းကြာလားဗျလ်။ ငါ့မှာ ရခိုင်ဆိုရေ သွီးတော့ရှိယင့် ရခိုင်နာမည်အစစ်တော့ရှိယင့် အမိလည်း ရခိုင် ၊ အဖလည်း ရခိုင်ရာ အေကေလည်း ငါ့ပါးစပ်က ရခိုင်စကားကို မပြောတတ် ။ ပြောတော့ပြောတတ်ဒေ။ ဖဖြောင့်တတန်းက မထွက် ။တောင်သတ်လိုက် မြောက်သတ်လိုက် ဟိုရောက်အေရောက်ပြီးမှ ထွက်လာရေ ။ လူပြောခံလည် ဂရုမစိုက်ခစွာလည်း ကကောင်းကြာခဗျလ်။ နင်စဉ်းစားကြည့် ငါ့မှာမွေးလာဖို့ မျိုးဆက်က ဇာစကားကို ဆက်ပြောလီဖို့ လည်း ။ဇာလူမျိုးလို့ခံပြီး ဇာကျောင်းစာကို သင် ၊ဇာလူမျိုးကို သုံးဖို့လည်း။ ငါရို့နှစ်ယောက် အမိလည်း ရခိုင် အဖလည်း ရခိုင် ဖြစ်ယင့် အေကေလည်း မွေးလာရေ မျိုးဆက်က hello mama . hello dad . how are you . I wanna drink . what is arakan ? ယင်းပိုင်အမေးခံချင်လို့လား ။ နင်ကရခိုင် ရခိုင်ပြည်ပေါက်တော့မဟုတ် ။ မိဘ ကောင်းခလို စကားကိုပြောတတ်ရုံတတ်စွာရာ ။ နင်ရခိုင်ကို ချစ်မှန်းလည်း ငါသိရေ ။ ငါကရခိုင် ရခိုင်ပြည်ကြီးထွက်တော့မဟုတ် မွေးရာပါစကားမို့လို တတ်စွာရာ ငါရို့နှစ်ယောက်မျိုးဆက်က ငါ့ရိုချစ်သလောက်တောင် ရခိုင်လူမျိုးကို မချစ်နိုင်ကေ ခက်ခက်ခဲ့ခဲ့ ငါရိုမိဘ ရခိုင်ကို ယူစွာလည်း အကျိုးတော့မရှိဗျလ် ။ ငါရို့ ကိုယ်မြေကို ပြန်ကတ်မယ်လို ပြောရရေ စကားက နင်ဘ၀ ဂုဏ်ရောင်လွှင့်နီချိန် နင်ဘ၀အညွန့် တက်ကောင်းတုံး အညွန်ချိုးရေလို့ နင်ထင်ချင်ထင်လိမ့်မယ်။ မဟုတ်ကေ နင်အညွန်တော့ တက်နီဖို့ နင်မျိုးဆက်၊ နင်လူမျိုးအဆက်တော့ ပြတ်လီဖို့စွာကို ငါရင်လီးရေ။ မိုင်ပေါင်းများစွာ အချိန်ပေါင်းများစွာ ငါရို့ပျံခဗျလ် အခုအချိန်တန်ဗျလ်ဝေ ကိုယ်အရပ်ကို ငါရို့ပြန်ပြီးပျံသင့်နီဗျလ်။ ဇာကိုဘဲရောက်ရောက် ဇာဘဲဖြစ်နီနီ ငါ့ရို့ အမျိုးမဖျက်သင့်။အမျိုးဖျက်သူလည်း မဖြစ်သင့် အားပီသူလည်းမလုပ်သင့် ။ နွားကွဲလို ကျားဆွဲခံရရေ ။ လူတိုင်းရာ ရေကြည့်ရာ မြက်နုရာမှာ နီကတ်ဖို့ဆိုကေ ကိုယ်မြေဟောင်း နဲ့ အိမ်ကို ဇာသူဇောင့်ဖို့လည်း ငါရို့ ကိုယ်အိမ်ကိုယ်ပြန်စောင့်ကတ်မယ် ။ ဟောင်းနီရေ အေမြေကြီးကို လားစောင့်ကတ်မယ် ။ အဖိုးသျှင် အဘောင်ရှင်ရို့ အရိုးကို လာ ဂါရ၀ါပြုစောင့်ရှောက်ဂတ်မယ်။ သမိုင်းမှာ ငါ့ရို့က အမျိုးဆက်ကို စောင့်ရှောက်သူ ဖြစ်ချင်ကေ လူမျိုးတူကို ယူတိုင်းလာဝေ ။ ငါရို့အိပ်ကို ပြန်ကတ်မယ်။ ငါ့ရို့ ကိုယ်မြေကို ကိုယ်ပြန်ကတ်မယ်။


မှတ်ချက် ။ ။ ကြိုးစားပန်းစား ရခိုင် စာတစ်ပုဒ် ရေးကြည့်ခြင်းဖြစ်ပါရေ။ အမှားနှင့် လိုအပ်ချက် ခံယူချက်နှဲ အရေးအသားမှာ အကျွန့်၏ ညံဖျင်းမှုရာ ဖြစ်ပါရေ

ရခိုင်သာခြင်း (၂)

လွမ်းမိုဃ်းဆင်ကေ။ လွမ်းရေမိုဃ်းပေါက်။ လွမ်းပင်လယ်မှာ။ လွမ်းရီလှောက်လို့။ ကျိုးပေါက်ထီင်္းစည်။ ပြန်လည်စိုက်ဆောက်။ တို့ရွီပြည်မှာ။ မဖြစ်မြောက်လိမ့်။ ကံမှောက်သောခါ။ ရောင်ဝါတေဇ။ ဘုန်းမီးလောင်ကေ။ ပြောင်ထွန်းပလည်း။ လောကတံထွာ။ ဓမ္မတလျောက်။ ပျက်ကိန်းကြုံကေ။ ပျက်တုံမြောက်၏။ အထောက်များစွာ။ ရှေးသောခါဝယ်။ ရက္ခာပူရ။ မြေနက်သန်လေ။ တိုင်းဓညတွင်။ ရက္ခနွယ်စိုင်။ သတင်းလှိုင်လျက်။ သင်းကြိုင်ပျံ့မွှီး။ သောင်းလုံးခြုံကေ။ အောင်းစည်တီးလို။ ခိုင်ဖြီးများစွာ။ တတ်ပညာလည်း။ ရောင်ဝါမညှိုး။ တို့ရွီပြည်မှာ။ တိုးကြီးတိုးလို့။ ရှေးရိုးဖြစ်ထွေ။ အသွယ်သွယ်ကို။ ခုဝယ်လူများ။ ကုန်အစင်လေ။ မသိငြားဘဲ။ ဆုတ်ပါးပျောက်ကွယ်။ လစန္ဒာကို။ တိမ်လွှာတိမ်ထပ်။ လွှမ်းသည့်နှယ်လေ ။

ရခိုင်သာခြင်း (၁ )

ဘုရားဆူဆူ။ ပွင့်တော်မူကေ။
ဇဗ္ဗူမဏ္ဍလ။ ကျွန်းထက်ဗွီမှာ
ရွီဓညဟု။ နာမတံခွန်။သတင်ဝှန်လျက်။
မင်းမွန်စိုးမြတ်။ သကျနွယ်လေ ။
သာကီနတ်တို့။ စီုးလတ်သော့ခါ။
ထက်ဝဠာဝယ်။ ဖယ်ဝါနီးနန်း။သူရိယာလေ။
လျှံဖြာထွန်းသို့။ မနွမ်းရောင်ဝါ ။
သာသနာနှင့်း။ ဘာသာသိပ္ပ။
တိုင်းလုံးခြုံကေ။ စုံပြည့်ဝလျက။်
ဇေယျဇေယျာ ။ သပြီညာမှာ။
ရွီစာသမိုက် ။ တိုင်းရခိုင်မှာ။
မော်ကွန်းစိုက်လို့။
ရှေးဖြစ်ကုန်စင်။ တွေးလိုက်လျှင်မှု။
ဘ၀င်မချမ်း။ လစန္ဒာကို ။ ရာဟုဘမ်းသို့။
ညိုးနွမ်းမရွင် ။ လွမ်းရှိန်မပြတ်။
လွမ်းတိမ်ထပ်မှာ။ လွမ်းမိုဃ်းဆင်ရေ။

မှတ်ချက်။ ။ ရခိုင်သာခြင်း မှ (ဗွီ )ဟူသော စာလုံးအသုံးအား နားမလည်ဖြစ်နေပါသည်။ သို့သော် အေသာခြင်း ကို လွန်ခရေ ၁၅နှစ်ဝန်ကျင်ကပင် စပြီးနှစ်သက်ပါရေ ။ ရခိုင်သမိုင်း ရာဇာဝင်ကျမ်း စာအုပ် စာမျက်နှာ-၁၇၉ ရွက်ပါ အခမ်းဆက်(၉)ခမ်းပါ အောင်သာဦး ၏ စာအုပ်မှ ကူယူဖော်ပြခြင်းဖြစ်ပါသည်။ ရခိုင်း- ၁၃၂၈-ရခိုင် တပို့တွဲလ္ဆန်း-၁၂ -ရက်-တနင်္ဂနွေ ( ရွီဗန်း) လို့ စာအုပ်ပိုင်ရှင် ပါပါ ရက်စွဲတပ်ထားခပါရေ။

ကျောင်းလားပါဝေ အိုအဘုချေ




အို အဘုချေ ``ပါပါ ၀ါ ``
ပါပါ ငါးဖမ်းလားခယင့်
မေမေ ၀ါ မေမေရေ( ရီ )ခပ်လားခယင့်
ဘောင်ဘောင်ဝါ ဘောင်ဘောင်
ဆန်ဖွတ်ရှိလီယင့်
ဖိုးဖိုး ၀ါ ဖိုးဖိုးဟင်းရှာ (ရာ) လား လီယင့်
အဘုချေ ၀ါ အဘုချေ
ကမ်းနားယောင်ဗျလ် ၀ါးဖောင်ဆင်းတက် လုပ်နီယင့်
ဝါးဖောင် ၀ါ ၀ါဖောင် ကမ်းနားမှာ ရှိလီယင့်
ကမ်းနား ၀ါ ကမ်းနားမှာ ကျောင်းဆောက်ထားယင့်
ကျောင်း ၀ါ ကျောင်းမှာ ကျောင်းစောင့်တစ်ယောက် ရှိလီယင့်
ကျောင်းစောင့် ၀ါ ကျောင်းစောင့် အိမ်မှာ အိပ်နီယင့်
အိမ် ၀ါ အိမ်မှာ ဘုရားရှိလီယင့်
ဘုရားဝါ ဘုရားပန်းအိုးရိုး ညိုးနီယင့်
ပန်းဝါ ပန်းကို ပိုးဖျက်လို့ ပျက်လီယင့်
ပိုးဝါ ပိုးကို နွားအိုးစားလီယင့်
နွားအို ၀ါ နွားအို အဘုချေ ကျောင်းနီယင့်
အဘုချေ ၀ါ အဘုချေ ရခိုင်းသားဖြစ်လီယင့်
ရခိုင်ဝါ ရခိုင် အမျိုးချစ်လီယင့်
အမျိုးဝါ အဆက်တုံးလီယင့်


အိုအဘုချေ
ဖွဲပုံမှာမှောက် ကိုယ် ကားဗလာ ဗိုက်ပူကားဖြင့်
ဂလေးရိုက်တေ ကျောင်းခေါင်းလောင်းသံ မကြားလားဝေ

အိုအဘုချေ
နွားကျောင်း ကျွဲကျောင်း အိမ်လုပ်ကူလို့
လေးခွတစ်လက် လက်တည့်စမ်းဗျလ် ငှက်ပစ်ပျော်ရေ
အရိုင်းစိုင်းချေ ကျောင်းခေါင်းလောင်းသံ မကြားလာဝေ

အိုအဘုချေ
အဖိုးအစိုင် လူယဉ်ကျေးက သားဆိုးတဖြာ
ဂုဏ်ငယ်မွဲလို့ ငါရို့လက်မှာ မျိုးညံ့ခရေ
တစ်ယောက်အကောင် လူရောင်တင့်လို့ အရာမရောက်ဝေ
နှစ်ယောက်အကောင် လူရာရောက်လည်း ခရီးမရောက်ဝေ

ငါ့အမျိုးက စာရွက်မကိုင်း ဓါးကို ကိုင်းလို ထင်းခွတ်လားတုံး
ငါ့အနွယ်က ဘောပင်မကိုင်း တက်မကိုင်းကို ငါးဖမ်းလားတုံး
ငါ့မိသားစု ပြောင်းဂျီကိုင်းလို့ မီးမွေးတုံးဆို
ငါ့လက်စက်ပေါ် တင်နီရလည်း ကျောမအီးဝေ


အိုအဘုချေ
ငါရို့ အမျိုး သာဂီမျိုးလို့ လူကြားထုတ်ပြ ဂုဏ်ယူဝင့်ဖို့
ငါ့ရို့အနွယ် အာရီယန်လို့ လူသူရှေ့မှောက် မာန်ဂုဏ်တင့်ဖို့
သမိုင်းအဆက် ငါရို့လက်ကျန် အမွေဟောင်းကို မင်းလက်ခံဖို့



အိုအဘုချေ
မေမေ ဆဲသံ စာမတတ်လို့ ရိုင်းစွာရာပါ
ပါပါ ဆဲသံ စာမတတ်လို့ နားခါးစွာပါ
သားချေအလှည့် ပါပါဖြစ်ကေ
သမီးချေအလှည့် မေမေဖြစ်ကေ ဆုံးမစီဖို့
ကျောင်းခေါင်းလောင်းသံ ခေါ်နီဗျလ်ဝေ
ကျောင်းလားပါဝေ အိုအဘုချေ .. .. ..

စိုးမဲကျီနှင့် ဆံတော်ရှင်

မှုန်ဝါးမှိုင်းမှိုင်း မြုံနှင်းပြာကြား
နှုင်းစက်နှင်းပေါက် တစ်ဖောက်ဖောက်နှဲ့
မြောက်ပြန်ဆောင်းဦး အာရုဏ်ဦးမှာ
ညှာတံရိုးပေါ် နှင်းရည်ခိုတွဲ
သဇင်ပေါ်သည့် ဆောင်းပြာသိုလ် .. .. ..

လှိုင်းသံကွယ်ပျောက် ရေပြင်ငြီမ်သက်
တောင်းစိုင်ကျောဘက်
ကမ်းလွှန်ဖျားက သုံးလူအသျှင် ဘုရားမြတ်စွာ
ဆံတော်ဦးကို လူရစ်နတ်ရစ် ပူဇော်ထူးကဲ့
လရောင်ဆန်းကျင်း အခါရောက်လတ်
ပြာသိုလ်လဆို ဆောင်းအေးဆောင်းချမ်း တမူထူးလို ရင်မှာ အလွမ်းပိုရေကာ .. .. ..

မေးတုံချမ်းခိုက် အာရုံဦးမှာ
နှင်းရင်ြပင်ကြား ထိုးဝင်းဖောက်လို ထူးသည့်အပျော်
ရင်မှာလှိုက်လို့ ဦးတင်မျော်မှန်း စေတီကြီးဆီ
ပင်လယ်ရွက်လွှင့် ခရီးနှင်းခဲ့ စိုးမဲကျီးမ ရွာကိုလေ...

ပင်လယ်ပျော်သူ အကျွန်ရင်မှာ
စိမ်းပြာရေနှင့် သဲဖြူပြင်၊
တောင်းရိုးလမ်းကျဉ်း ကျူရိုးတံတား ၊
ဝါးရွက်တိုက်သံ တစ်တောင်တက်ဆင်း တောင်လေသံလည်း ပြန်ကြားရေ .. .. ..

နှောက်သံပြောင်သံ အမောဆို့သံ
ရယ်မောသံကြား စမ်းရေကျသံ ငှက်ကျေးသံနှင့်
တမှုထူးကဲ့ မြိုလူမျိုးရို စကားသံ
ခမီးအိမ်ထက် ဘူးသီးခြောက်နှင့်
ငါးခြောက်ဟင်းလည်း လွမ်းရေပင်

အိုဆောင်းပြာသိုလ် လရောင်လွမ်းပြည့်
သံယောင်းလိုက်လို ငါရင်အလွမ်း ကမ်းခြေဖျားက
ကျောက်မှိုကျောက်ခက် အဖြာဆက်လို
တောင်စွယ်တောင်ဝန်း အပင်သိုင်းလို
သဘာဝသည် ခရုချေကောက် လည်ဆွဲဆင်ခ

ကျောက်ချောကျောက်လှ အိမ်ပြန်သယ်ဖို
ကျောက်ကောက်ပြန်ခ ဖူးရေ လေ .. .. ..

အစဉ်တစ်နှစ် မရောက်မနိုင်
အမောမ၀ အပျော်မဝ
ခြေတော်ရာလမ်း တမ်းတမဝ
သိမ်းတော်ရာလည်း လွမ်းမ၀ကာ
အကျွန်ရင်လည်း မျှော်သူစောင့်လို့

လမပြည့်ခင် အချိန်အမှီ အကျွှန်ချစ်သူ
အရင်ဗြီးလတ် လည်စောင်းတစ်ခေါက်
ဆံတော်ရှင်ကို ဘုရားဖူးဖို့
လက်ချင်းဆက်ကာ လားကတ်မယ် .. .. ..

( ဆံတော်ရှင် ဘုရားပွဲအား အမှတ်တရ ပြန်လွမ်းခြင်းဖြစ်ပါသည်)
စောစစ်

စိုးမဲကျီနှင့် ဆံတော်ရှင်

မှုန်ဝါးမှိုင်းမှိုင်း မြုံနှင်းပြာကြား
နှုင်းစက်နှင်းပေါက် တစ်ဖောက်ဖောက်နှဲ့
မြောက်ပြန်ဆောင်းဦး အာရုဏ်ဦးမှာ
ညှာတံရိုးပေါ် နှင်းရည်ခိုတွဲ
သဇင်ပေါ်သည့် ဆောင်းပြာသိုလ် .. .. ..

လှိုင်းသံကွယ်ပျောက် ရေပြင်ငြီမ်သက်
တောင်းစိုင်ကျောဘက်
ကမ်းလွှန်ဖျားက သုံးလူအသျှင် ဘုရားမြတ်စွာ
ဆံတော်ဦးကို လူရစ်နတ်ရစ် ပူဇော်ထူးကဲ့
လရောင်ဆန်းကျင်း အခါရောက်လတ်
ပြာသိုလ်လဆို ဆောင်းအေးဆောင်းချမ်း တမူထူးလို ရင်မှာ အလွမ်းပိုရေကာ .. .. ..

မေးတုံချမ်းခိုက် အာရုံဦးမှာ
နှင်းရင်ြပင်ကြား ထိုးဝင်းဖောက်လို ထူးသည့်အပျော်
ရင်မှာလှိုက်လို့ ဦးတင်မျော်မှန်း စေတီကြီးဆီ
ပင်လယ်ရွက်လွှင့် ခရီးနှင်းခဲ့ စိုးမဲကျီးမ ရွာကိုလေ...

ပင်လယ်ပျော်သူ အကျွန်ရင်မှာ
စိမ်းပြာရေနှင့် သဲဖြူပြင်၊
တောင်းရိုးလမ်းကျဉ်း ကျူရိုးတံတား ၊
ဝါးရွက်တိုက်သံ တစ်တောင်တက်ဆင်း တောင်လေသံလည်း ပြန်ကြားရေ .. .. ..

နှောက်သံပြောင်သံ အမောဆို့သံ
ရယ်မောသံကြား စမ်းရေကျသံ ငှက်ကျေးသံနှင့်
တမှုထူးကဲ့ မြိုလူမျိုးရို စကားသံ
ခမီးအိမ်ထက် ဘူးသီးခြောက်နှင့်
ငါးခြောက်ဟင်းလည်း လွမ်းရေပင်

အိုဆောင်းပြာသိုလ် လရောင်လွမ်းပြည့်
သံယောင်းလိုက်လို ငါရင်အလွမ်း ကမ်းခြေဖျားက
ကျောက်မှိုကျောက်ခက် အဖြာဆက်လို
တောင်စွယ်တောင်ဝန်း အပင်သိုင်းလို
သဘာဝသည် ခရုချေကောက် လည်ဆွဲဆင်ခ

ကျောက်ချောကျောက်လှ အိမ်ပြန်သယ်ဖို
ကျောက်ကောက်ပြန်ခ ဖူးရေ လေ .. .. ..

အစဉ်တစ်နှစ် မရောက်မနိုင်
အမောမ၀ အပျော်မဝ
ခြေတော်ရာလမ်း တမ်းတမဝ
သိမ်းတော်ရာလည်း လွမ်းမ၀ကာ
အကျွန်ရင်လည်း မျှော်သူစောင့်လို့

လမပြည့်ခင် အချိန်အမှီ အကျွှန်ချစ်သူ
အရင်ဗြီးလတ် လည်စောင်းတစ်ခေါက်
ဆံတော်ရှင်ကို ဘုရားဖူးဖို့
လက်ချင်းဆက်ကာ လားကတ်မယ် .. .. ..

( ဆံတော်ရှင် ဘုရားပွဲအား အမှတ်တရ ပြန်လွမ်းခြင်းဖြစ်ပါသည်)
မယ်မဒီ

တောင်ပူဇာ အလွမ်း

အိုမယ်ကြီးသျှင် မောင်ကြီးသျှင်ရို့
ဇာဇာတိကို ပျောက်လီကတ်တေ ရောက်လီကတ်တေ
အမိရိုးမ တောင်ပူဇာမှာ အနှစ်လလ
အလွမ်းအိုင်ဗျာယ် လိုင်ဖင်းရှည်ရေ --။

ငါ့မှာသားပျောက် သမီးပျောက်တေ
အဝေလူရို့ လမ်းမှာကြုံကေ တွိလီမိကေ
စကားလူကြုံ ချန်ပီးကတ်ပါ ပြောပီးကတ်ပါ
နီသာထိုင်ခြင်း မာကတ်ယင့်လား
အစားကောင်းကောင်း စားရယင့်လား
ငါကားရိုးမ မာပါယင့်လို့ --။

သမင်မွီးယင့် ကျားစားယင့်လေ
ငါကမွီးလိုက် ကြက်ပျောက်ငှက်ပျောက် ပျောက်လီကတ်တေ
အဇာသူရို့ မိပင်အောက်မှာ ပျော်လီကတ်တေ
ရိုးမအစိုင် ပြုန်းလားလိမ့်မယ် ငါကြောက်လီရေ --။

အိုသား သမီး
မမိတသက် တခေါက်စီလောက် အရောက်လာပါ
မြင်လီယင့်လား
ငါ့ရင်တခြမ်း အသက်အောင့်လို့ ပြိုပျက်နီဗျာယ်
မြောက်ဦးကိုလာ ကျောက်ပြားတချပ် အသက်ဆက်ဖို့ --။

ငါကားအိုမင်း ရုပ်ပျက်လတ်ပျာယ်
မြောက်ဦးကိုလာ ထုံးဖြူတစ်ခေါက် သုတ်လတ်ဖို့ --။

ငါကားမစွမ်း မမြင်ကန်းဗျာယ်
မြောက်ဦးကိုလာ မြက်ရိုင်းတပင် ယှင်းကတ်ဖို့ --။

ငါကားမစွမ်း အမှီလိုဗျာယ်
မြောက်ဦးကိုလာ ဆီမာန်းတအိပ် အကူပြုဖို့ --။

ငါကားမစွမ်း အိုမင်းလတ်ပျာယ်
အမွီလက်ကျန် ချန်ခချင်လို့
ရိုးရာဆက်ဖို့် ပြန်လတ်ကတ်ဝေ --။

အိုရိုးလှသန္တာ

အတွေးတစ်ခေါက် ငါအောက်မေ့လို
ငါ့မျက်ရိပ်ဝယ်
သောင်စွန်း သောင်ပြင် လှိုင်းသံလေသံ
ကမ်းရိပ်ပြင်နှင့် စင်းရင်းဝပ်သော
အိုကမ်းသန္တာ..

ငါ့သွေးအဆက် ထီးရိပ်စိုးခဲ့
နန်းသွေးအစဉ် ရာဇ၀င်နှင့်
သင့်လှဂုဏ်ဖြာ ကမ်းသာယာမှာ
ပြာလဲ့ပြာသင်း ပြာညိုမှိုင်းသည့်
အုန်းရိပ်စိမ်းစိမ်း
တောင်ကြီးရိုးမ ၀မ်းစင်လေသည့် အိုဖ၀တီ..

တိုင်းခြားကမ္ဘာ ငါရောက်နေသည်
တိုင်းခြားဘာသာ ငါပြောနေသည်
တိုင်းခြားအစာ ငါစားနေသည်
တိုင်းခြားဓလေ့ ငါကျင့်နေပြီ
ကိုယ်မြေကိုယ်ရပ် ငါစွန့်ခဲ့လည်း
မစိုးရိမ်နှင့်
ငါ့ဝိညာဉ်ကား မြစ်လေးဖြာထဲ
နှန်းနှစ်မြေစာ အရိုးကြွင်းလို့
ငါချစ်ဆဲပါ ရိုးလှသန္တာ..

ရှစ်သောင်းဘုရား တည့်မြဲသရွှေ့
ကုလားတန်းမြစ်ကြီး မတိမ်ကော့သရွှေ့
ရိုးမတောင်ကြီး မပြိုနိုင်သရွှေ့
ငါစိတ်ခန္နာ မပျက်သုန်းသရွှေ့
ငါကား ရခိုင် သာကီမျီုးဟု
အနွယ်ချစ်ဆဲ မျိုးချစ်ဆဲပါ အိုကမ်းသန္တာ..

မယ်မဒီ

မြောက်ဦးအလွမ်း

မိုင်းမှုံသာစွ ထိုဌာနမှာ
ထုံးဖြူဘုရား လက်ညှိုးညွန်းရာ
တည်ဟိလီရေ အမျိုးသီလ
ဂုဏ်တင်ပြဖို့ အခိုင်အမာ
စံတင်ထိုက်တေ ဌာနီလှမှာ
ကွေ့လီကွေ့ပတ် နဂါးပတ်လား ထင်ယောင်မှားစီ
မြို့ဝင်မြို့ပတ် သွယ်သွယ်ရဈာယ် တောင်ဆိုင်ကြားမှာ
မြို့ရောင်ဖျောက်လို ဟိလီယင့် ..။

စကားနှင့်ကျော် ငါးမာန်ပုထိုး
အဖသျှစ်သောင်း သားကိုးသောင်းဟု
ထုက္ကန်သိမ်နှင့် လောင်ပွန်းပြောက်ကို
ဖူးဇောင်လားတုန်း အနုစိပ်လက်ရာ မွန်ခလီရေ
သုခုမကို အံ့ဖူးပါယင့် ငါရို့ပြည်ကို
စန္ဒမုနိ မြတ်ဆင်းထုမှာ ဆုတောင်းဖူးရေ
(မြီကိုငါချစ် တီဖြစ်ကေလည်း တီရာဖြစ်ရပါလို၏) လို့ .. ။

အဆူဆူသော ထိုထိုဘုရား
ကိန်းဝပ်သည့်မြို့
မယိုင်ဓလေ့ အစဉ်ဆက်ကာ
ထွန်းကားလီယင့် ရာဇ၀င်နှင့်
ဤမြို့လည်းရွှေ ရွှေလည်းရွှေဟု
တင်နှိုင်းခရေ ထိုဓညမြို့
ဘုရားအရိပ် ရင်ငွေ့လှုံကေ
အီးချမ်းလီယင့် အီးချမ်းယင့်လေ ..၊

နန်းရာဟောင်းနှင့် မြို့ရိုးကြားမှာ-
ဓည၀တီကျောင်းဝင်းထဲမှာ-
အံတော်သိမ်ဘုရားရှိမှာ-
သက်သီတည်ကေ ဆုတောင်းမိရေ

(ငါတိုင်းပြည်က ကျောက်ခဲကျိုးတောင် ငါချစ်ပါယင့်၊
အကြိမ်တသောင်း ငါသီကေလဲ့
အကြိမ်တသိန်း အေလူမျိုးရာ ပြန်ဖြစ်ချင်ယင့်) လို့ ..။

ဆောင်းဝင်တခေါက် လည်ဇောင်ရောက်တု
မြုံနှင့်နှင်းရို့ အာရုံဦးမှာ
ဘုရားနှင့်ပန်း အဆင်းဟပ်လို့ အလှဆင့်ရေ
မကြွီတ၀ှက် ကြွီတ၀ှက်နှင့်
ရိုးလှသန္တာ ရနံ့ရင်မှာ ကျန်ပါသိမ့်ရေ ..။

ရခိုင်သူဆံထက် သဇင်လှိုင်ကေ
ထိုမြို့ အရပ် မြို့မြောက်ဦးမှာ
ရွှေတူငွေတူ ဇရက်ဖြူနှင့်
ဆောင်းပန်းဆောင်းရက်
နှင်းကြာတောမှာ အပျော်ဘ၀င် လီဟပ်လားဗျာယ်
အနော်မာကန်ဘေး
အ၀ါရောင်ပန်းတပွင့် ပန်းရိုင်းဆိုလည်း ပန်းဖူးခရေ
အလည်ရောက်ဖူး နန်းရာမြို့လေ စိမ်းရိပ်ခြုံရေ
မြို့မြောက်ဦးကို အောက်မိရေ ..၊


စောစစ် (ဒေ၀ီ)